၆၆၆ အသင်းတော်
၆၆၆အသင်းခေါင်းဆောင်Jose Louis de
Jesus Mirinda
အကြင်သူသည်မိမိကိုဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊
ထိုသူသည် အမင်္ဂလာရှိ၏။
ဟေရှာယ၄၅း၉
၆၆၆ အသင်းတော်သည်သခင်ခရစ်တော်ကိုဆန့်ကျင်အသင်းတော်ဖြစ်သည်။
တနည်းအားဖြင့် စာတန်၏ အသင်းတော်ဟုလည်းခေါ်ဆိုနိုင်သည်။
ဤအသင်းတော်လည်း ကြောက်စရာကောင်းပါသည်။
အဘယ်ကြောင့်ဆိုသော်
ခရစ်ယာန်များ၏သမ္မာကျမ်းစာကိုကိုင်စွဲလျှက်
ယုံကြည်သူများလမ်းမှားအောင်
သိမ်းသွင်း၏။ တနည်းအားဖြင့် ကယ်တင်ခြင်းကားတိုင်လမ်းမှထွက်ပြီး
စာတန်၏လမ်းသို့လျှောက်ရန်သိမ်းသွင်းနေသော
အသင်းဖြစ်သည်။သူတို့၏အယူ
ဝါဒသည်စာတန်မာရ်နတ်အသင်း၏အယူဝါဒများနှင့်တူညီသော်ကြောင့်
စာတန်အသင်းဟုခေါ်ဆိုခြင်းဖြစ်သည်။သူတို့၏ယုံကြည်ချက်နှင့်သွန်သင်ချက်များမှာ
-ငရဲပြည်မရှိခြင်း
-နတ်ဆိုး(Devil)မရှိခြင်း
-အပြစ်ဆိုတာမရှိခြင်း
-မိမိကိုယ်ကိုမိမိပိုင်ပြီးလောကတွင်ပျော်ရွှင်စွာနေထိုင်နိုင်ခြင်း
-ယခုလက်ရှိနေရသောလူ့ဘ၀သည်ပရတိသုဘုံ(Heaven)ဖြစ်ခြင်း
-သခင်ခရစ်တော်ဒုတိယကြိမ်ကြွလာပြီးဖြစ်ခြင်း
-ကမ္ဘာပေါ်ရှိဘာသာများအားလုံးမှားယွင်းနေပြီးသူတို့သာလျှင်မှန်နေခြင်း
-၄င်းအသင်း၏ခေါင်းဆောင်သင်းအုပ်ဆရာကိုယ်တိုင်လက်တွင်၆၆၆
နံပါတ် ဆေးမှင်ကြောင် ရေးထိုးပြီးအသင်းသားများကိုလည်း၆၆၆ဆေးမှင်ကြောင်ရေးထိုးရန်
တိုက်တွန်း၏။သူ့ကိုယ်သူဒုတိယကြွလာသောယေရှုခရစ်ဖြစ်ကြောင်း
ကြေညာလေ့ရှိသည်။သူ၏အမည်မှာဂျိုးဇက်လူဝစ်ဒယေရှု Jose Louis de Jesus
Mirinda ဟုခေါ်ပြီး ပေါ်တိုရီကိုဇာတိဖြစ်သည်။လက်ရှိအမေရိကန်နိုင်ငံမီယာမီတွင်
နေထိုင်ပြီးကျေးဇူးတော်ဖြင့်ကြီးထွားခြင်း
Growing in Graceဆိုသောအသင်းတော်ကို တည်ထောင်ထားပါသည်။ အမေရိကန်နိုင်ငံအပါအ၀င် လက်တင်အမေရိကနိုင်ငံများတွင်လူ့နောက်လိုက်များသန်းနှင့်ချီရှိကြောင်းပြောပြ
လေ့ရှိပြီးစပိန်ဘာသာဖြင့်၂၄နာရီလွှင့်သောရုပ်မြင်သံကြားအစီအစဉ်များနှင့်အတူ
ရေဒီယိုအသံလွှင့်အစီအစဉ်များလည်းရှိပါသည်။သူ၏ရှေ့နောက်မညီသောစကားမှာ
-သူသည်ဒုတိယကြိမ်ကြွလာသောယေရှုခရစ်ဖြစ်ကြောင်းအရင်ကြေညာပြီးသူသည်
ယေရှုခရစ်ကိုဆန့်ကျင်သောအန္တိခရစ်ဖြစ်ကြောင်း၂၀၀၇
တွင်ဝန်ခံခဲ့ပါသည်။
အခြားလုပ်ဆောင်ချက်များ OFFICIAL
DECLARATION OF THE GOVERNMENT OF GOD This
is the Official Decree of the Man Christ Jesus: သူ့ကိုယ်သူ
ဘုရား၏အာဏာရအစိုးရဟုကြေညာပြီး လူသိရှင်ကြားကြေညာချက်များ
ထုတ်ပြန်ပါသည်။တနေ့တွင်ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးကိုသူထိမ်းချုပ်မည်၊
အစိုးရအားလုံးကိုအုပ်ချုပ်သောသမ္မတလုပ်မည်။သူ၏ထုတ်ပြန်ကြေညာချက်တချို့မှာ
-နာဇရက်မြို့သားယေရှု၏သွန်သင်ချက်များနှင့်မောရှည်ပဋိညာဉ်ဖြင့်လူများသည်
ဝိညာဉ်ရေးရာမှားယွင်းမှုများဖြစ်နေသည်။
ဘာသာရေးစနစ်အားလုံး(ကတ်သလစ်နှင့်ပရိုတက်စတင့်)မှားယွင်းနေသည်။
မှားယွင်းရသောအကြောင်းအရင်းမှာသာသနာအားလုံးသည်အောက်ပါအချက်များကို
မသွန်သင်သောကြောင့်ဖြစ်သည်။
၎င်းအချက်များမှာ
-
-အပြစ်ဆိုတာမရှိဘူးဆိုသောအချက်(ဟေဗြဲ၉း၂၆)
-မာရ်နတ်၊နတ်ဆိုး(Devil)ဆိုတာမရှိ၊နတ်ဆိုးကိုဖျက်ဆီးပြီးဖြစ်သည်(ဟေဗြဲ၂း၁၄)
-ဧ၀ံဂလိတရား၂ခုရှိခြင်း(ဂလာတိ၂း၇)
-သာသနာတခုဘဲရှိသည်မှာ
-ပြန်လည်သင့်မြတ်ခြင်းဖြစ်သည်နောင်တရခြင်းမဟုတ်(၂ကော၅း၈)
-အသင်းတော်သည်ပြီးပြည့်စုံပြီးဖြစ်သည်။(ဟေဗြဲ၁၀း၁၄)သူသည်အစပိုင်းတွင်
ယေရှုခရစ်ကိုချီးမွမ်းသလိုဖြင့်ခရစ်တော်၏ကယ်တင်ခြင်းလမ်းကိုဆန့်ကျင်သောတ
ရားဟောလေ့ရှိသည်။ယေရှုခရစ်(Jesus
Christ) ကို ဆန့်ကျင်သောသဘောဖြင့် သူ့ကိုယ်သူခရစ်ယေရှု(Christ
Jesus)ဟုအမည်တပ်ခေါ်ဝေါ်ပါသည်။
စိုးရိမ်စရာကောင်းသည်မှာဘုရားပေးထားသောသမာကျမ်းစာကိုဘဲသုံးပြီး
ပြောင်းပြန်အနက်ပြန်၏။စာတန်မာနတ်အသင်းတော်နှင့်တူသောသူတို့အသင်း၏ အယူဝါဒများမှာ
-
-ငရဲပြည်မရှိခြင်း
-နတ်ဆိုး(Devil)မရှိခြင်း
-ယေရှုခရစ်ကိုဆန့်ကျင်ခြင်း
-လောကအသက်တာကိုမိမိစိတ်ကြိုက်ပျော်ရွှင်စွာနေထိုင်ရန်အားပေးခြင်း
-သူတို့၏အပြောအဆို၊အယူဝါဒရှေ့နောက်မညီခြင်းယေရှုခရစ်ကိုဆန့်ကျင်သော
၆၆၆အသင်းရှိသောနိုင်ငံများမှာ
-အာဂျင်တီးနား၊ဗိုလီးဗီးယား၊ဘရာဇီး၊ကနေဒါ၊ကိုလံဘီယာ၊ကော့စတာရီကာ၊
ကျုးဘား၊ဒိုမနီကန်၊အီကွေဒေါ၊အယ်စာဗေးဒေါ၊ဂွါတာမာလာ၊ဟွန်ဒူးရပ်စ်၊အီတလီ၊
မက္ကစီကို၊နီကာရာဂွါ၊ပနားမား၊ပီရူးပေါ်တိုရီကို၊ရုရှား၊စပိန်၊အမေရိကန်၊ဗင်နီစွဲလား
တို့ဖြစ်ပါသည်။
၆၆၆အသင်းခေါင်းဆာင်ဂျိုးစေးလူဝစ်ဒယေရှုမရင်ဒါသည်သူ၏၆၁နှစ်မြှောက်မွေးနေ့ပွဲ
ကိုဂွာတာမာလာတွင်ကျင်းပရန်သူ၏ကိုယ်ပိုင်လေယာဉ်ပျံဖြင့်ရောက်ရှိခဲ့ပါသည်။
သို့သော်ဂွာတာမာလာအာဏာပိုင်များကသူ့ကိုအကြမ်းဖက်သမားဖြင့်သတ်မှတ်ပြီး
လုံးဝနိုင်ငံထဲသို့အ၀င်မခံခဲ့ပါ။အန္ဓီခရစ်တနည်းအားဖြင့်ယေရှုခရစ်ကိုဆန့်ကျင်သော
အသင်းများ၏ကြောက်စရာ၊စိုးရိမ်ဖွယ်ရာနည်းလမ်းတခုမှာအစပိုင်းတွင်
သာမန်
ခရစ်ယာန်ဘုရားကျောင်းတခုအနေဖြင့်လှုပ်ရှားမှုပြပြီးအသင်းသားများ၏ယုံကြည်မှုရရှိ
ပြီးမှသာသွန်သင်ချက်များတဖြည်းဖြည်းပြောင်းလဲလာ၏။နောက်ဆုံးတွင်သူတို့ကိုသူတို့
အန္ဓီခရစ်တနည်းအားဖြင့်
၆၆၆ အသင်းဟုကြေညာသောအခါ အသင်းသားအများစုလည်းဆက်လက်ထောက်ခံ
ပါဝင်တော့သည်။
နိုင်ငံတကာမှ ၆၆၆ အသင်းသူအသင်းသားများ
၆၆၆ အမှတ်တံဆိပ်ဆေးမှင်ကြောင် ရေးထိုးနေပုံ
စာတန်မာရ်နတ်၏နံပတ်သည်၆၆၆ဖြစ်ကြောင်းကျမ်းစာတွင်ဖေါ်ပြထားပါသည်။
ဤအရာ၌ပညာရှိ၏ဥာဏ်ရှိသောသူသည်သားရဲ၏အရေအတွက်ကိုရေတွက်စေ။
လူ၏အရေအတွက်ဖြစ်၏။ခြောက်ရာခြောက်ဆယ်ခြောက်လည်းဖြစ်၏။
ဗျာဒိတ်၁၃း၁၈
ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ
မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည်ခရစ်တော်ဖြစ်၏ ဟု
ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ မသဲ ၂၄း၎-၅ စာတန်၏လှည့်ဖြားရာနောက်သို့မလိုက်မီစေရန်ခရစ်တော်၏သမ္မာတရားကို
နေ့ညမပြတ်ဆင်ခြင်အောက်မေ့လျှက်ထာဝရဘုရားကိုသစ္စာတရားဖြင့်ဝတ် ပြုကြပါစို့။
လောမဲ
No comments:
Post a Comment