သမ္မာတရားနှင့်အမှန်တရား (ဆရာဒေးဗစ်လားကျမ်းစာလေ့လာခြင်း)
ဒေးဗစ်လား
လောကတွင်အသက်ရှင်နေထိုင်သူများတို့သည်
မိမိတို့သိရှိနားလည်ထားသော အမှန်တရားပေါ်တွင် ရပ်တည် လုပ်ဆောင်တတ်ပါသည်။
နားလည်ရခက်သော၊ နက်နဲသောအမှု့ကိစ္စတွက် အမှန်တရားကို ရှာဖွေတတ်သည်
မှာလူသားများ၏ဓလေ့တခုဖြစ်နေပါသည်။ တချို့မှာ အမှန်တရားပေါ်တွင်ခိုင်မြဲစွာ
အုတ်မြစ်ချလျှက် ရပ်တည် တတ်ကြောင်းတွေ့ရပါသည်။ အမှန်တရားနှင့်ပတ်သက်သည့်
စကားပုံတချို့ကို ဖေါ်ပြလိုပါသည်။
“ သင်ကောင်းလျှင်ကျနုပ်မဆိုးပါ” “ဗူးပေါ်ဖရုံမဆင့်”
အမှန်တရားပေါ်တွင်ရပ်တည်နေသော်လည်း ဆုံးရှုံးတတ်သော လူ့ဘ၀ကို တခါတလေ
နားမလည်တတ်ဖြစ် လေ့ရှိပါသည်။ အကြောင်းတခုမှာ လူသားများသိရှိနားလည်ထားသော
အမှန်တရားများသည် အစဉ်ပြောင်း လဲတတ်သောသဘောရှိ၏။ ဥပမာတချို့အနေဖြင့်
တချိန်က လူသားများ၏အမှန်တရားတခုမှာ- “ကမ္ဘာမြေကြီး သည်အပြားဖြစ်၏” “
ရှေးဦးသူနာပြုစုနည်း (First Aid) မှမြွေကိုက်လျှင်ပြုစုနည်း”
“ခေတ်အဆက်ဆက်မှ စစ်ပညာရှင်/စစ်သူကြီးများ၏ စစ်အောင်နိုင်ခြင်း၏သီအိုရီများ”
စသည်ဖြင့်သိပ္ပံပညာများတွင်ပင် အမှန်တရား များပြောင်းလဲနေ၏။
ဥပမာတခုအနေဖြင့် “အရာဝထ္ထုများကိုအသးငယ်ဆုံးခွဲစိတ်လျှင် အက်တမ် Atom အဆင့်
ကိုရရှိ၏။ ၄င်းအက်တမ်သည် အငယ်ဆုံးဖြစ်ပြီး ထပ်မံခွဲစိတ်၍မရ”
သို့သော်ယခုခေတ်တွင် အက်တမ်ကိုထပ်မံ ခွဲစိတ်သော် နျူးကလီးယပ် Nucleus
ကိုရသဖြင့် အရင်လက်ခံထားသောအမှန်တရားတခုသည်ပြောင်းလဲသွား ၏။
အမျိုးသမီးများသည် အိမ်မှု့ကိစ္စဖြင့်အိမ်ထဲတွင်သာ ရှိနေရမည်ဆိုသော
ရိုးရာဓလေ့လည်းပြောင်းလဲခဲ့ပါပြီ။
အမှန်တရားပေါ်တွင် ရပ်တည်နေသော်လည်း ဆုံးရှုံးတတ်သောလူ့ဘ၀၏
အဓိကအကြောင်းအရင်းတခုမှာ အမှန်တရားနှင့်သမ္မာတရားကို
ခွဲခြားမနားလည်တတ်ခြင်းပေ။ သမ္မာတရားကို သမ္မာကျမ်းစာတွင်သာ လေ့လာ
နားလည်နိုင်သော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်
ဘုရားသခင် ၏အလိုတော်ဖြစ်၏။
ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏။ ၁ပေ ၁း၂၅
ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ လုကာ၂၁း၃၃
တရားသူကြီးမှတ်စာ အခန်းကြီး ၁၉ နှင့် ၂၀ ကိုလေ့လာကြပါစို့။
လေ၀ိအမျိုးသားသည် မိမိမယား၊
ငယ်သားဖြင့်ခရီးသွားရာမှမိုးချုပ်သဖြင့်လမ်းတွင်တည်းခိုစရာနေရာ ရှာသော်၊
တပါးအမျိုးသားများနေသောဒေသတွင်မတည်းဘဲ ဣသရေလအနွယ်ဝင် ဗိင်္ယာမိန်အမျိုးများနေ
သောဒေသ ဂိဗာမြို့တွင်တည်းခိုရန်ရောက်ရှိလာပါသည်။ ထို့နောက်ဂိဗာမြို့သား
လယ်လုပ်သူတဦးက ဧည့်ခံ သဖြင့် သူ့ဆီမှာတည်းခိုပါသည်။ ထိုအိမ်မှာတည်းခိုစဉ်-
ထိုသို့ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား
အဓမ္မလူအချို့တို့သည် အိမ်ကိုဝိုင်း၍ တံခါးကိုရိုက်ကြ၏။
အိမ်ရှင်လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့သင်သော ယောက်ျားနှင့်
ငါတို့သည်ဆက်ဆံလို သည်ဖြစ်၍၊ ထုတ်ခဲ့လော့ ဟုဆိုကြ၏။
၂၃ အိမ်ရှင်သည်လည်းထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကိုမပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။
၂၄ အကျွန်ုပ်၌ သမီးကညာရှိပါ၏။
သူ၏မယားငယ်လည်းရှိပါ၏။ သူတို့ကို ထုတ်၍ ပေးပါမည်။ သူတို့ကိုချုပ်ထားကြပါ။
အလိုရှိသည်အတိုင်းပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက်ဆိုးသော
အမှုကိုမပြုပါနှင့်ဟု တောင်းပန်သော်လည်း၊
၂၅ သူတို့သည်
နားမထောင်သောကြောင့်၊ လေဝိသည် မိမိမယားငယ်ကို ထုတ်၍အပ်သဖြင့်၊ သူတို့သည်
တညဥ့်လုံးအဓမ္မပြု၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှလွှတ်လိုက် ကြ၏။
၂၆ အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည်တိုင်အောင် လဲနေ၏။
၂၇ နံနက်အချိန်ရောက်မှ
သူ၏သခင်သည်ထ၍ အိမ်တံခါးကိုဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သော အခါ၊
မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကိုလက်တင်လျက်ရှိသည်ကိုမြင်သော်၊
၂၈ ထလော့။ သွားကြကုန်အံ့ ဟု ဆိုသော်လည်း သူသည်ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကိုမြည်းပေါ်မှာတင်သဖြင့် မိမိနေရာသို့ သွားလေ၏။
၂၉ မိမိအိမ်သို့ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည်တရှောက်လုံးသို့ ပေးလိုက်လေ၏။
၃၀ သိမြင်သောသူအပေါင်းတို့က၊
ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင်
ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တခါမျှမဖြစ်စဘူး။ ဆင်ခြင်၍
တိုင်ပင်စီရင်ကြလော့ဟု ပြောဆိုကြ၏။ တရားသူကြီးမှတ်စာ ၁၉း ၂၂-၃၀
ညီအကိုခြင်းတွင်ဆိုးညစ်သောအမှုကိုပြုသည့်တွက် ဣသရေလလူမျိုးတို့သည်
တိုင်ပင်စည်းဝေးပြီး၎င်းဂိဗာမြို့ တွင်နေသော
ဗိင်္ယာမိန်အမျိုးအားစီရင်ဆုံးမရန်လူစုကာ စစ်တိုက်ရန်ဖြစ်လာပါတော့သည်။
(အခန်းကြီး၂၀)
ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင်ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။
၁၃ ယခုမှာ ဂိဗာမြို့၌ရှိသော
ထိုအဓမ္မလူတို့ကို ငါတို့ယူ၍သတ်သဖြင့် ဣသရေလ အမျိုးထဲက ဒုစရိုက်အပြစ်ကို
ပယ်ရှားမည်အကြောင်း ထိုလူတို့ကို အပ်ကြပါ၏ဟု မှာလိုက်၏။ သို့ရာတွင်
ဗင်္ယာမိန်သားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊ ၁၄
ထိုအမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာကထွက်၍
ဂိဗာမြို့၌စည်းဝေးကြ၏။ တရားသူကြီးမှတ်စာ ၂၀း၁၂-၁၄
ဗိင်္ယာမိန်အမျိုးသည် စစ်တိုက်ရာတွင်ကျွမ်းကျင်သူများဖြစ်ပြီး
ဆိုးညစ်သောမတရားမှုကိုပြုသူများအား မအပ် နှံဘဲစစ်အင်အားသုံးခုခံရန် လူ၂၆၀၀၀
ကျော်စုစည်းလာ၏။ တဖက်တွင် ဣသရေလလူမျိုး လေးသိန်းခန့်ဖြင့်
တိုက်ရန်ပြင်ဆင်လာ၏။
ထို့နောက် ဗိင်္ယာမိန်ကိုတိုက်ရန် မည်သည့်အမျိုးသည် ရှေ့ဆုံးကသွားရမည်ကို ဘုရားသခင်အားမေးပါသ သည်။
ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင်၍ စစ်သူကြီးဖြစ်သော ဣသရေလအမျိုးသားအရေအတွက် ကား လေးသိန်းတည်း။
၁၈ ဣသရေလအမျိုးသားတို့သည်
ဘုရားသခင်၏အိမ်တော်သို့ ထ၍သွားပြီးလျှင်၊ အကျွန်ုပ်တို့တွင် အဘယ်သူသည်
ဗင်္ယာမိန်အမျိုးကို အဦးချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော်၌
မေးလျှောက်ကြသော်၊ ထာဝရဘုရားက၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ၏။
တရားသူကြီးမှတ်စာ ၂၀း၁၇-၁၈
နောက်နေ့တွင် ဣသရေလလူမျိုး တို့စစ်တိုက်ရာ လူတသောင်းနှစ်ထောင် သေပြီးရှုံးလေ၏။
သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသောအရပ်၌ တဖန်ခင်းကျင်းကြ၏။
၂၃ ထာဝရဘုရားထံတော်သို့ သွား၍
ညဦးယံတိုင်အောင် ငိုကြွေးလျက်၊ အကျွန်ုပ်တို့ညီ
ဗင်္ယာမိန်အမျိုးသားတို့ကိုတဖန် စစ်တိုက်ရပါမည် လောဟု ထာဝရဘုရားအား
မေးလျှောက်သော်၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ၏။
၂၄ ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန် အမျိုးတို့အနီးသို့ ချဉ်းကပ်ကြသောအခါ၊
၂၅ ဗင်္ယာမိန်အမျိုးသားတို့သည်
ဂိဗာမြို့ထဲကထွက်ပြီးလျှင်၊ ထားလက်နက် စွဲကိုင်သော ဣသရေလလူ
တသောင်းရှစ်ထောင်တို့ကို မြေပေါ်မှလှဲ၍သတ်ကြ၏။ တရားသူကြီးမှတ်စာ ၂၀း၂၂-၂၅
ဘုရားသခင်ထံတော်တွင်မေးမြန်းပြီးမှစစ်တိုက်သော်လည်း ဣသရေလလူမျိုး
လူသောင်းနှင့်ချီသေပြီး နှစ်ရက် ဆက်တိုက်ရှုံး၏။ အဘယ်ကြောင့်နည်း။
စဉ်းစားလေ့လာကြပါစို့။
ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့
သွား၍ငိုကြွေးလျက်၊ ထာဝရဘုရားထံတော်၌ ဝပ်လျက်၊ တနေ့လုံး ညဦးတိုင်အောင်
အစာကိုရှောင်၍ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ၏။
၂၇ ထိုကာလ၌ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ပါလျက်၊ အာရုန်၏သား ဖြစ်သော ဧလာဇာ၏သား ဖိနဟတ်သည်၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည်ဖြစ်၍၊
၂၈ ဣသရေလအမျိုးသား တို့က၊
အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား၍တိုက်ရပါမည်လော၊
မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော်၊ ထာဝရဘုရားက သွားကြလော့။
နက်ဖြန်နေ့တွင် သူတို့ကိုသင်တို့လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
တရားသူကြီးမှတ်စာ ၂၀း ၂၆-၂၈
နောက်နေ့တတိယနေ့တွင်စစ်တိုက်သော် ဣသရေလလူမျိုးများ စစ်နိုင်လေ၏။
ပထမနှစ်ရက်တွင်လူ သုံး သောင်း သေပြီးအဘယ်ကြောင့်စစ်ရှုံးရခြင်းကိုနားလည်ရန်
ရောမ ၁၂း၁၇-၁၉ တွင်ဖေါ်ပြထားသော နှုတ်ကပတ်တော် ကိုလေ့လာကြပါစို့။
အဘယ်သူကိုမျှ ရန်တုံ့မမူ ကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြလော့။
၁၈ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။
၁၉ ချစ်သူတို့၊ သူတပါး သည်
သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။
အမျက်တော်ကို အခွင့်ပေး ကြလော့။ ကျမ်းစာလာ သည်ကား၊ ငါသည် အပြစ်တရားကို
စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ရောမ ၁၂း၁၇-၁၉
ဆိုးညစ်သောအဓမ္မမှုတွက် ဣသရေလလူမျိုးတို့သည် ထာဝရဘုရားအားအရင်မတိုင်ပင်။
လူသာများ၏ “အမှန်တရား” တိုင်းစုဝေးပြီးစစ်တိုက်ရန်အရင်ဆုံးဖြတ်၏။
ဆုံးဖြတ်ပြီးမှ ဘုရားသခင်ထံတော်မှာ ဘယ်သူ အရင်စစ်ချီရမည်ကိုမေး၏။
ဖြစ်သင့်သည်မှာ ဆုံးဖြတ်ချက်မချခင် ဘုရားသခင်ထံတော်မှာ အမှုကို အပ်နှံပြီး
အရင်မေးလျှောက် သင့်ပါသည်။ ဤသမ္မာကျမ်းစာဖေါ်ပြချက်မှ သင်ခန်းစာနှစ်ခုကို
ရယူနိုင်ပါသည်။ ပထမသင်ခန်းစာမှာ မိမိတွင် ရှိသောအမှု၊ အခက်အခဲပြသာနာများကို
ဆုံးဖြတ်ချက်မချခင် ဘုရားသခင် ၏အလိုတော်ကိုအရင်မေးလျှောက် သင့်ပါသည်။
ဘုရားသခင်၏အလိုတော်တိုင်းဆောင်ရွက်လျှင် ဘယ် တော့မှမမှားတတ်ပါ။
ဒုတိယသင်ခန်းစာမှာ သူတပါး သည် သင်တို့ကို ပြစ်မှားလျှင်၊
ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့် ဆိုသောကျမ်း စကားကိုသတိချပ်သင့်ပါသည်။
ရန်ကိုရန်ချင်းတုံ့ပြန်လျှင် ရန်မီးဘယ်တော့မှမငြိမ်းပါ။
ဘုရားသခင်ကိုစီရင်ခွင့် ပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
အာဗြဟံသား ဣဇာက်လက်ထက် အစာရေစာခေါင်းပါးသဖြင့် ဘုရားသခင်ဖေါ်ပြသော
ဖိလိတ္တိမင်းကြီးအဘိမ လက်နေရာဂေရာမြို့သို့သွားနေ၏။
ဘုရားသခင်ကောင်းကြီးပေးသဖြင့် ဣဇာက်သည် ထိုပြည်တွင်ကြီးပွါးသဖြင့်
စည်းစိမ်များတိုးပွါးလျှက်ရှိပါသည်။ ကမ္ဘာဦးကျမ်း ၂၆း၁၂-၁၄
ဣဇာက်ကြီးပွါးတာကို ဖိလိတ္တိလူများသည်မနာလိုသဖြင့်
ဣဇာက်ပိုင်ရေတွင်းများကို မြေဖို့ပြီးဖျက်ဆီးကြပါ သည်။ ဒိပြင်
အဘိမလက်မင်းကြီးက ဣဇာက်ကိုမောင်းထုတ်လိုက်သဖြင့် ဂေရာချိုင့် တွင်တဲ
ဆောက်၍ပြောင်းနေ ပါသည်။ ဣဇာက်၏ကျွန်များသည် ဂေရာ တွင်ရေတွင်းတူးသဖြင့်
စမ်းရေတွင်းကိုရသော် ဂေရာလူမျိုးနွား ကျောင်းသားများလာရောက်လုယက်ပါသည်။
အခြားနေရာတွင် ရေတွင်းကိုထပ်တူးသော် ရရှိသော ရေတွင်း သစ်ကို လာလုပြန်၏။
ထို့နောက်အခြားနေရာတွင်ပြောင်း၍တူးပြန်သော်ရေတွေ့ပြန်၏။ ဒီတခါတတွင်မူ ဘယ်သူ
မှလာမလုတော့သဖြင့်၎င်းရေတွင်းကို ရဟောဘုတ် ဟုမှည့်လေ၏။ ဘုရားသခင်သည် ဣဇာက်
ဖက်မှာရပ် တည်သော်လည်း ဣဇာက်သည်ကြမ်းတမ်းသောသဘောထားမရှိသလို
ရန်ကိုရန်ဖြင့်မတုံ့ပြန်သဖြင့် ဘုရားသ ခင်၏ကောင်းကြီးများကို
တိုးပြီးရရှိပါတော့သည်။ ဒိပြင် ဣဇာက်ကို မောင်းထုတ်ခဲ့သော
အဘိမလပ်မင်းကြီးနှင့် သူ၏မိတ်ဆွေစစ်ဗိုလ်ချုပ်များ၏ လေးစားခြင်းကို
ထပ်မံရရှိပြန်သည်။
ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလ တို့ကိုခေါ်၍၊ ဂေရာမြို့ မှ ဣဇာက်ရှိရာသို့သွား၏။
၂၇ ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကိုမြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊
၂၈ ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာရှိတော် မူကြောင်းကို၊ ငါတို့အမှန်သိမြင် သည်ဖြစ်၍၊
၂၉ ငါတို့သည် သင့်ကိုမထိမခိုက်၊
ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ်လိုက်သည်နည်းတူ၊ သင်သည်
ငါတို့ကိုအပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သားတို့သည်၊
သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင်သည် ထာဝရဘုရားကောင်းကြီးပေး
တော်မူသောသူဖြစ်ပါ၏ဟုဆိုကြလေသော်၊ ကမ္ဘာဦးကျမ်း ၂၆း ၂၆-၂၉
အယောက်စီတိုင်းဇာတိပကတိသဘောကိုဦးစားမပေးဘဲဘုရားသခင်၏အလိုတော်ကိုသိရှိလိုက်ရှောက်နိုင်ပါစေ
မှတ်ချက်၊ ၊ ကနေဒါမှဆရာဒေးဗစ်လား၏ Bible Study ကိုပြန်လည်ဝေဌခြင်းဖြစ်ပါသည်။
No comments:
Post a Comment