JESUS

Wednesday, December 31, 2014

CHANG YOUR LIFE 2015

ချစ်တောမိတ်ဆွေ...
ခရစ်သက္ကရစ် 2014 မှ ခရစ်သက္ကရစ် 2015 ခုနှစ် နှစ်သစ်ထဲကို ကူးပြောင်းဝင်ရောက်လာတယ်ဆိုတာ အထူးအဆန်းတော့မဟုတ်ပါဘူး အဓိကကျတယ်လို့ဆိုရလောက်အောင်လည်း စာမဖွဲ့လောက်ပါ သို့ပေမယ့်.. အဓိကကျတဲ့ သင်နှင့်ကျန်ုပ်ဘ၀အသက်တာဟာ ဇာတိပကတိမှသည် ၀ိညာဉ်ပကတိသို့ အသစ်တဖန်ပြောင်းလဲမှုရှိပီလားဆိုတာကို အပေါ်ယံဇာတိအားဖြင့် မသုံးသတ်ပဲ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်နှလုံးသွင်းဆင်ခြင်ကြရမည့်အရာသည်တာအဓိကဖြစ်တယ်ဆိုတာပြောချင်ပါတယ်
ထာဝရဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ သမ္မာကျမ်းစာက ယနေ့သင်နှင့်ကျန်ုပ်တို့ကို အသစ်ပြုပြင်ပြောင်းလဲခြင်းနဲ့ ဆိုင်တဲ့သွန်သင်ချက် ကျမ်းပိုဒ်လေးတစ်ပိုဒ်က ရိုးရိုးရှင်းရှင်းလေးနဲ့ လေးနက်မှုရှိပီး အပိုအလိုမရှိ တိကျမှန်ကန်သောအသစ်သောအသက်၌ အသက်ရှင်မှုကိုဖေါ်ပြထားပါတယ်…
လူမည်သည်ကားခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ၂ ကော- ၅း၁၇
Accordingly, if anyone is in Christ he is a new creation. The old is gone; lo, the new has come. II CORINTHIANS 5:17
စက္ကန့် မိနစ် နာရီ နေ့ရက် အချိန်တွေ နှစ်သစ်တွေ ဘယ်လိုပင်ကူးပြောင်းနေပါစေ သင်နှင့်ကျန်ုပ်၏ ခန္ဒာ စိတ် ၀ိညာဉ် အသက်တာအတွင်းမှာ သခင်ခရစ်တော်ဘုရားကိုဝင်ရောက်အုပ်စိုးခွင့်မပေးသေးဘူးဆိုရင်… သင်နှင့်ကျန်ုပ်သည်လည်း ခရစ်တော်၌ကိုးစားခြင်းအားဖြင့် သခင်ခရစ်တော်ဘုရား၏ လူမဖြစ်သေးဘူးဆိုရင်တော့ ခရစ်သက္ကရစ် တွေဘယ်လိုပင်ပြောင်းနေပါစေ သင်နှင့်ကျန်ုပ်အသက်ရှင်နေလည်း ဇာတိအားဖြင့် အသစ်တစ်ဖန်မပြောင်းလည်းပဲ ဟောင်းသောအရာ၌သာအသက်ရှင်ခြင်းဖြစ်ပီး ၀ိညဉ်အားဖြင့် အသေကောင်ဖြစ်နေတယ်ဆိုတာကို သင်နှင့်ကျန်ုပ် ဆင်ခြင် သုံးသပ် ဆုံးဖြတ်ပီး………အသစ်တစ်ဖန်ပြောင်းလည်းရမည့်အချိန်သည် ခုနှစ်သက်က္ကရစ် ရက်စွဲ အချိန် နာရီ ကာလ ဒေသ တွေနဲ့မဆိုင်ပဲ ယခုအချိန်ဖြစ်တယ်ဆိုတာလေးကို အဓိကဆင်ခြင် ပြင်ဆင် ပြောင်းလည်းသောအသက်တာဖြစ်ဖို့မေတ္တာအားဖြင့်အသိပေးချင်တယ်… 


SNH
 

No comments:

Post a Comment