JESUS

Sunday, October 17, 2010

ကျိုးပဲ့ကြေမွသောနှလုံးသား


အခြေပြုကျမ်းချက်။ ။ဘုရားသခင်နှစ်သက်တော်မှုသောယဇ်မူကား

ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်

ကိုယ်တော်သည်ကျိုးပဲ့ကြေမွသောနှလုံးကို

ငြင်းပယ်တော်မမူတတ်ပါ < ဆလံ၊ 51:17 >

ဖတ်ရန်ကျမ်းချက်။ ရှင်လုကာခရစ်ဝင် 15 ။

နိဒန်း

ခရစ်ယာန်တစ်ယောက်၏ အသက်တာတွင် မိမိကိုးကွယ်သော ဘုရားသခင်နှင့် အစဉ်မိတ်သဟာယ ဖွဲ့ရန်လိုအပ်ပါသည်။ မိမိ၏ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် ဘုရားသခင်က အဘယ်အရာကိုနှစ်သက်ပါသနည်း ဆိုသည့်အချက်ကိုလည်း သိရန်လိုအပ်ပါသည်။ သမ္မာကျမ်းစာတွင် ဖေါ်ပြသော ဘုရားသခင် နှစ်သက်တော်မူသော အရာကား အလွန်အံ့သြထိပ်လန့်ဖွယ်ကောင်းပါသည်။ “ကျိုးပဲ့သောစိတ်” “ကြေမွသောနှလုံး” ဖြစ်သည်ဟု ဆလံဆရာ ရှင်ဘုရင်ဒါဝိတ်က ရေးသားခဲ့ပါသည်။

အဓိပ္ပါယ်အားဖြင့် ကျိုးပဲ့သောစိတ်ဟူသည်မှာ လွန်စွာမှ နိမ့်ကျသည့် လက္ခဏာ၊ ဖိနှိပ်ခြေမှုန်းခြင်းခံရသော အသွင်သဣန်ရှိပါသည်။ ဘုရားသခင် အဘယ်ကြောင့် ဤကဲ့သို့ ကျိုးပဲ့သောစိတ်ကို လိုချင်ပါသနည်း။ ကြေမွသောနှလုံးဆိုသည့် စကားကိုလည်း ခံစားကြည့်ပါ။ ရှိသမျှ အရာအားလုံး ဆုံးရှုံးနစ်နာလျှက် အပျက်အစီးတို့ကြားမှာ ဘာမှမျှော်လင့်စရာမရှိတော့သောအခါမှသာ လူတစ်ယောက်သည် “ကြေမွသောနှလုံး” ကိုရပေသည်။ မာန်မာနကို ခ၀ါချလျှက်၊ မျက်ရည်ကိုအဖေါ်ပြု ၊ အားလုံးကိုအလျှော့ပေးလိုက်နိုင်သော အချိန်သည် နှလုံးကြေမွခဲ့ကြရပါပြီ။ အဘယ်ကြောင့်များ ကိုယ်တော်သည် ထိုကဲ့သို့သောအခြေအနေကို ရောက်ရှိမှသာ ကျေနပ်နှစ်သက်တော်မူပါသနည်း။ နားလည်ရန်ခက်ပါသည်။

ကျိုးပဲကြေမွသော စိတ်နှလုံးရှိရန် ချိုးဖဲချေမှုန်းခြင်းကို မလွဲမသွေ ခံစားကြရပါသည်။ တစ်စစီကျိုးပဲ့နေသော ဤအခြေအနေသို့ မည်သူမျှ မရောက်ချင်ပါ။ ကြောက်လန့်ဖွယ်ရာ အနေအထားဖြစ်ပါသည်။သို့သော်လည်း ကိုယ့်ညဏ်ကို အမှီပြုလျှက် စိုးရိမ်ထိတ်လန့်ခဲသော ကျွန်တော်တို့၏ အတွေးများသည် ကြိမ်ဖန်များစွာ လွဲချော်ခဲ့သည့်အတိုင်း ဤတစ်ကြိမ် နှုတ်ကပတ်တော်၏ ဖေါ်ပြချက်အတွက်လည်း အခြအမြစ်ကို စေ့စေ့ကြည့်လျှင် ဤကျမ်းချက်သည် အမှန်တကယ်ပင် အသက်ရှင်ခြင်း လက္ခဏာကို ဖေါ်ပြပါသည်။

၁။ ပျောက်သောသားများဝန်ခံ့ခြင်း

သမ္မာကျမ်းစာတွင် တွေ့ရသော ယေရှုခရစ်တော်၏ ဥပမာတော်များအနက် ပျောက်သောသား ဥပမာ >လု၊ 15:12- 32< သည်အလွန်ထင်ရှားပါသည်။ ယူဒလူမျိုးတို့၏ ထုံးစံအရ အသက်(၈) နှစ်ပြည့်လျှင် မိဘထံမှ ရသင့်ရထိုက်သည့် အမွေကိုတောင်းခံနိုင်ပါသည်။ သူဋ္ဌေးတစ်ဥင်္ီး၏ သားနှစ်ယောက်အနက် သားငယ်သည် ဖခင်ထံမှရသင့်သည့် အမွေဥစ္စာကို ကြမ်းတမ်းစွာ တောင်းခံရရှိပြီးနောက် ဝေးသောအရပ်သို့သွားကာ သုံးစွဲဖြုန်းတီးပြီးမှ ဒုက္ခကြီးစွာ ရောက်ခဲ့ရပါသည်။ ကျွန်တော်တို့၏ အသက်တာတွင်လည်း ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ (ရနေပါလျှက်) ကြမ်းတမ်းစွာတောင်းခံမိတတ်ပါသည်။ ဆုတောင်းခဲ့ခြင်းများကို ပြန်လည်ဆန်းစစ်သောအခါ ကြမ်တမ်းစွာတောင်းခံခဲ့ခြင်း၊ အတ္တများဖြင့်တောင်းခံခဲခြင်း၊ စိန်ခေါ်မှုများဖြင့် တောင်းခံခဲခြင်း၊ သံသယများဖြင့်တောင်းခံခဲ့မိပါသည်။ ကဗျာလေးတစ်ပုတ်ကို ကျွန်တော်နှစ်သက်လွန်းသဖြင့် ဖော်ပြလိုပါသည်။ ကဗျာရှင်သည် “မိတံငါ” ဖြစ်၍ ကဗျာအမည်မှာ “ဓားပြတိုက်သူ” 1998 Jun လ၊ မေတ္တာတမန်မဂ္ဂဇင်းမှာ ပါဝင်ခဲ့ပါသည်။

“ဓားပြတိုက်သူ”

မနက်အာရုဏ်

စောစောထ၍၊ ကောင်းချီးမင်္ဂလာ

သခင့်ထံဆီ၊ ပေးပါကမ်းပါနှင့်။

နေ့လည်မွန်းတည့်

ဒူးကိုထောက်၍၊ ကောင်းချီးမင်္ဂလာ

သခင့်ထံဆီ၊ ပေးပါဦးကမ်းပါဦးနှင့်။

ဟော..ညအိပ်ရာဝင်တစ်ခါလည်း

မိသားစုအတွက်

ရွှေငွေဥစ္စာများနှင့် သခင့်ဆီတောင်း

သခင့်စကားနားမထောင်ပဲ

ကိုယ့်စကားနားထောင်ခိုင်းတဲ့

သခင့်ဆီ ဓားပြတိုက်နေတဲ့ ငါပါလား

အမှန်တွင် လူသားတို့သည် ဘုရားသခင်ပေး [ခွင့်ပြု] ထားသောအချိန်၊ အရာဝတ္ထု၊ အဖြေများနှင့် အသက်ရှင်လျှက်မှ အားမရစွာ ဓားပြတိုက်နေရင်း ဘုရားသခင်နှင့် ဝေးကွာသောအရပ်မှာ(သားငယ်ကဲ့သို့) သွားရှောင်ကြရင်း ပြောက်သောသားများ ဖြစ်မှန်းမသိ ဖြစ်သွားကြရပါသည်။ သိုးများသည်ခြံကိုမခုန်၊ မပြေးသော်လည်း မြက်ကိုငုံ့စားရင်း တဖြည်းဖြည်း တစ်လက်မချင်း ဝေသွားကာ ပျောက်ဆုံးသွားတတ်ပါသည်။ ယုံကြည်သူအများသည်လည်း ဒုက္ခကို ကြီးစွာရင်ဆိုင်ရမှသာ (သားငယ်ကဲ့သို့) ဘုရားသခင်ကို ပြန်လည်သတိရပါသည်။ ဖခင်၏မေတ္တာကို နားလည်လာ၍ နောင်တနှင့်ပြန်လာကာ ခြေတော်ရင်းသို့ တိုးဝင်ခဲ့မြဲ ဖြစ်ပါသည်။

ဖခင်အား… “မိမိကိုသားငယ်တစ်ယောက်ကဲ့သို့ မသတ်မှတ်ရန်၊ အစေခံကျွန်တစ်ယောက်ကဲ့သို့ နေထိုင်ခွင့်ပြုရန်” ကိုဖော်ပြခွင့်တောင်းလာသောအခါ ဖခင်ကနွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ မိမိထံပါးမှ ထွက်ခွာသွားသော်လည်း ပြန်လာပြန်လာဖို့အလိုရှိနေသည်။ ပြန်လာသောအခါ၌လည်း မမြည်တမ်း။ သားအရာ၌ ဆက်လက်ထားကာ မြတ်သောဝတ်လုံကိုခြုံစေသည်။ လက်ဝတ်တန်ဆာကို ဆင်ယင်လျှက် ခြေနင်းကိုစီးစေသည်။ ဆူဖြိုးအောင်ကျွေးသော နွားငယ်ကို သတ်စေ၍ ပွဲကိုပင် လုပ်ပေးသေးသည်။ ဤဥပမာဖေါှ်ပြချက်၏ အနှစ်ချုပ်မှာ “နောင်တနှင့်ပြန်လာသူ” ၏အကြောင်းပင်ဖြစ်ပါသည်။ နောင်တနှင့် ပြန်လာသောသူ တစ်ယောက်က “အဘ၊ အကျွန်ုပ်သည်၊ ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ” ဟူသောဝန်ခံစကားသည် အဓိကဖြစ်ပါသည်။ ပျောက်သောသား၏ မိမိအဖြစ်ကို ရိုးသားစွာ ၀န်ခံခြင်းသည် ကျိုးပဲ့သောစိတ်၊ကြေမွသောနှလုံးသား၏

ပထမလက္ခဏာ ဖြစ်ပါသည်။ ဤအရာကို ဘုရားသခင်နှစ်သက်တော်မူသည်။ အကျွန်ုပ်လွန်ကျူးပါပြီဟု ၀န်ခံလျှက် ကိုယ့်အပြစ်ကို အစဉ်မပြတ် အောက်မေ့လျှက်နေပါ၏။

မချွင်းမချန် ၀န်ခံရဲသူဖြစ်ပါသည်။ ကိုယ်တော်ကိုသာပြစ်မှား၍ မျက်မှောက်တော်အောက်၌ မတရားသောအမှုကိုပြုပါပြီ<ဆာ၊ 51:4> ဟုဗာသရှေဘ နှင့် မှားယွင်းခဲ့သူ၊ သူမ၏ခင်ပွန်း ဥရိယကို သေကြောင်းကြံစည်သူ ဒါဝိတ်သည် နောင်တနှင့် ငိုကြွေးလျှက် မိမိအပြစ်ကို ထပ်ခါထပ်ခါ ဖော်ပြခဲ့သည်။ ကျွန်တော်တို့၏ အပြစ်များအတွက်ကော၊ ၀မ်းနည်းလျှက်၊ ကြေကွဲလျှက်၊ နောင်တနှင့် ဘုရားသခင်ကို မတောင်းပန်သေး၊ တောင်းပန်ရန် မလိုအပ်သေးဘူးဟု ထင်မြင်မိပါသလား။

၂။ အပြစ်လွတ်ခြင်း ဂရုဏာတော်ကို တောင်းခံပါ

မှားပါတယ် ဟူသောစကားကို ဘန်းစကားအနေနှင့် ယခုအခါပြောနေကြသည်။ ရယ်ကာမောကာပြောသော မှားပါတယ်ဟူသော စကားသည် ၀န်ခံခြင်းဝေါဟာရဖြစ်သော်လည်း အနက်ကားမတူပေ။ နောင်တနှင့် ၀န်ခံခြင်းရှိသော စကားကမူ ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို၏ ဒုတိယလက္ခဏာမှာ အပြစ်လွှတ်ခြင်း ဂရုဏာတော်ကို တောင်းခံခြင်းဖြစ်ပါသည်။

အို…ဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ စုံမက်တော်မူခြင်း၊ ဂရုဏာများပြားသည် နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ မိုးပွင့်ထက်သာ၍ ဖြူစင်စေခြင်းငှာဟု ဿုပင်ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါဟု ဒါဝတ်သည် တောင်းပန်စကားဆိုခဲ့လေသည်။

သမာကျမ်းစာတွင် ဒါဝိတ်သည် ဘုရားသခင်ကို အလွန်ချစ်သောသူ၊ ဘုရားကလည်း အလွန်ချစ်သော်သူဖြစ်သည်။ ငယ်ရွယ်စဉ်ကစ၍ ဘုရားသခင်က ရွေးချယ်ခဲ့သူ၊ အသုံးပြုခဲ့သူဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်ကို သူပြစ်မှားသောအခါ ဘုရားသခင်က ပြင်ထန်စွာ ဆုံးမခဲ့ပါသည်။ ဒါဝိတ်သိပါသည်။ မိမိမှာ အပြစ်ရှိသည်ဟု နောင်တရသည်နှင့်တပြိုင်နက် ဘုရားသခင်၏ အပြစ်လွှတ်ခြင်း ကရုဏာတော်အားဖြင့်သာလျှင် သူ၏မိုက်ပြစ်များကို ဆေးကြောခံရမည်ကို သဘောပေါက်ခဲ့ပါသည်။ ဤအချက်သည် အလွန်နည်းနာယူဖွယ် ကောင်းပါသည်။ အို…ဘုရားသခင်၊ ကျွန်တော်မှားခဲ့ပါသည်၊ ယခုပင် နောင်တရလျှက် မိမိအပြစ်အတွက် ကျိုးပဲကြေမွသော စိတ်နှလုံးဖြင့် ၀န်ခံတောင်းပန်ကာ အရှင်ဘုရား၏ သနားခြင်းကရုဏာတော်ကို မျှော်လင့်ပါသည်ဟု ဒူးထောက်ကာ ဆုတောင်းဖူးပါသလား။

သည်လို တကယ့်ကိုကြေကွဲနက်ရှိုင်းစွာ ဆုတောင်းလျှင် ဘုရားသခင် နားမညောင်းနိုင်ဘူးဟု သင်ထင်ပါသလား။ စင်စစ်တွင် ဘုရားသခင်သည် ကျိုးပဲ့ကြေမွသောစိတ်ကို နှစ်သက်၍ ထိုစိတ်ဖြင့်နှိမ့်ချစွာ တောင်းလျှောက်သမျှကို လက်ခံပါသည်။

သမာကျမ်းစာထဲမှ ပျောက်သောသားဥပမာလိုပင် အပြင်မှာတကယ့်ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်။ တစ်နေ့သောအခါ ဒေါက်တာချက်(ပ) မင်း၏ အသင်းတော်တွင် လူတစ်ယောက် သက်သေခံပါသည်။ သူသည်တစ်နေ့တွင် မီးရထားစီးပြီး မြို့ကလေးတစ်မြို့တွင်ဆင်း၏။ နေစရာလည်းမရှိ၊ စားစရာလည်းမပါ၊ ငွေကြေးလည်း တစ်ပြားတစ်ချပ်မရှိသောကြောင့် မိမိကိုယ်ကို သူတောင်းစားဘ၀သို့ ပြောင်ရွှေ့ကာ တောင်းရမ်းစားသောက်နေသည်။ သည်မြို့ကလေးမှာ တစ်နေ့ပြီးတစ်နေ့ သူတောင်းစားဘ၀၌ ကျင်လည်ခဲ့သည်မှာ အတော်ကလေး ကြာလာခဲ့သည့်တစ်နေ့

ထိုနေ့မှာ အလွန်ဆာလောင်မွတ်သိပ်လာ၏။ မည်သူ့ထံမှ တောင်းရမ်း၍လည်းမရ၊ ဘူတာရုံဖက်သွားစဉ် အဖိုးအိုတစ်ယောက်ကိုတွေ့ရသည်နှင့် အမှီပြေးလိုက်ရပါသည်။ နောက်ဘက်မှ အဖိုးအို၏ ပုခုံးကိုတို့ကာ ဘကြီးခင်ဗျာ၊ ကျွန်တော့ကိုငွေတစ်ကျပ်တစ်ပြား စွန့်ကြဲသနားပါ ကျွန်တော် ထမင်းဆာလွန်းလို့ပါဟု တောင်းစားလေသည်။ အဖိုးအိုကလှည့်ကြည့်လိုက်သည်။

သူတောင်းစားခမျာ အလွန်အမင်း အံ့သြသွားလေသည်။ အဖိုးအိုသည် စင်စစ်တော့ အသက်အရွယ်ကြီးရင့်နေသော သူ့ဖခင်ဖြစ်နေပါသည်။

“အဖေ-အဖေ၊ အဖေကျွန်တော့်ကို မှတ်မိသလား” အဖိုးအိုသည် သူတောင်းစား၏ လည်ပင်းကို လက်နှစ်ဖက်နှင့်ဖက်ပြီး ရှိုက်ကြီးတငင်ငိုလေ၏။ သားဖြစ်သူမှာလည်း နောင်တကြီးစွာဖြင့် မျက်ရည်ကျလေသည်။

“သားကိုတွေ့ပြီ သားကိုတွေ့ပြီ။ အဖေ့မှာရှိသမျှဟာ သားရဲ့ ပ္ပစည်းချည်းပါပဲ” သားဖြစ်သူသည် ငွေတစ်ကျပ်သာ တောင်းသော်လည်း ဖခင်ဖြစ်သူသည် သူ၌ရှိရှိသမျှကို ပေးရန်(၁၈)နှစ်လုံလုံး သားကိုရှာဖွေခဲ့လေသည်။

ဘယ်လောက်အံ့သြစရာကောင်းသည့် အဖြစ်အပျက်လဲ…?

ခွင့်လွှတ်ခြင်း သနားကရုဏာကို ကျွန်တော်တို့ မတောင်းပန်ပဲနေတာ ဘယ်သူ့အမှားလည်း..?။

တစ်နှစ်တစ်နှစ်မှာ နောင်တစိတ်ဖြင့်ဘုရားသခင်ထံ ဘယ်နှစ်ကြိမ် ချဉ်းကပ်ခဲ့ပါသလဲ…..?

တစ်ခါက မိတ်ဆွေတစ်ဦး ပြောပြဖူးသည်မှာ သမုဒ္ဒရာကိုဖြတ်၍ အခြားသောတိုင်းပြည်သို့ သင်္ဘောဖြင့် ခရီးသွားသောအခါ ခရီးသည်တစ်ဦးသည် ထမင်းစားချိန်ရောက်တိုင်း မိမိအခန်းသို့ပြန်သွားပြီး တံခါးပိတ်ကာ ဒိန်ခဲနှင့် ဘီစကစ်မုန့်ကို ကော်ဖီနှင့်သောက်လေ့ရှိသည်။

တစ်နေ့တွင် သူ၏မိတ်ဆွေက ထမင်းစားချိန်၌ သူ့ကိုအတင်းခေါ်သွား၍ သင်္ဘောပေါ်မှာ ကျွေးလျှင် သူအလွန်အံ့သြသွားလေသည်။ တကယ်တော့ သင်္ဘောခပေးသည့်ပိုက်ဆံထဲမှာ စားသောက်စရိတ်ပါသွားပြီးဆိုတာကို သူမသိခဲ့ပါ။ ခရီးသည်တစ်ယောက်သည် အထက်တန်းကျကျ စားသောက်နေထိုင်နိုင်ပါလျှက် သူ့ခမျာရက်ပေါင်းများစွာ ဒိန်ခဲနှင့် ဘီစကစ်ကိုပဲ စားသောက်ခဲ့ရသည်မှာ တွေး၍ ၀မ်းနည်းစရာဖြစ်ခဲ့ပါသည်။

ဘုရားသခင်နှင့်ဝေးကွာစဉ်မှာ အပြစ်လွတ်ခြင်းကရုဏာကို တောင်းလျှောက်လျက် ဘုရားသခင်၏သားသမီး ပီသစွာ အခွင့်အရေးကို ရယူသင့်ပါသည်။ အပြစ်လွှတ်ခြင်းကရုဏာကို ခံရပြီးပြီဆိုလျှင် ခံစားရသည့် အခွင့်အရေးကို သမ္မာကျမ်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်

“ အဘက မြတ်သောဝတ်လုံကို ယူခဲ့၍ ခြုံကြ။

သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။

ခြေနင်းကိုလည်း စီးစေကြ။

ဆူအောင်ကျွေးသောနွားကလေးကို ယူ၍သတ်ကြ။

သို့ပြီးပါမှ ငါတို့သည် စားကြကုန်အံ့။

ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့”။ > လု၊15:22-23 < ဟုလာသတည်း

နိဂုံး

[1891] ခုနှစ်၊ August [25] ရက်နေ့တွင် Star of East အမည်ရှိ ငါးဖမ်းသင်္ဘောသည် ဖောက်ကလင်ကျွန်းစုအနီးတွင် ငါဖမ်းနေပါသည်။ သင်္ဘောအနားမှာ ပေ [80] ရှိဝေလငါးတစ်ကောင် ကိုမြင်ရသဖြင့် သင်္ဘောသားများက မှိန်းဖြင့်ထိုးရန် လှေငယ်ဖြင့် ချဉ်းကပ်သွားကြပါသည်။ အလှမ်းမီသည်နှင့် မှိန်းဖြင့်လှမ်းထိုးရာထိပါသည်။

ဒဏ်ရာနှင့်ငါးကလည်း ပြန်လည်တိုက်ခိုက်သဖြင့် လှေမှောက်ကာ တံငါသည်တစ်ချို့ ရေထဲကျသွားပါသည်။ ထို့နောက်မှာ ကြိုးစား၍ သင်္ဘောဆီပြန်ကူးခတ်လာသဖြင့် ဂျိမ်းဘက်ကလေဆိုသူမှလွဲ၍ ကျန်သူများကို ဆယ်ယူနိုင်လေသည်။ နောက်တနေ့တွင်မူ ဝေလငါးကြီးကို အသေဖမ်းမိလေသည်။

ငါးကိုကုန်းပတ်ပေါ်ဆွဲတင်ပြီး ဗိုက်ကိုခွဲကြလေသည်။ ထူးထူးဆန်းဆန်းပင် ငါး၏ဗိုက်အတွင်း၌ လှုပ်ရှားမှုကိုတွေ့ရသဖြင့် သတိထား၍ခွဲလိုက်သောအခါ ပျောက်နေသော ဂျိမ်းကိုတွေ့ရသည်။ သူသည်လှေမှောက်စဉ်က ငါးအမျိုခံလိုက်ရပါသည်။ ရေးအေးအေးဖြင့် ချိုးပေးလိုက်သောအခါ သတိရလာပါသည်။ သူကသက်သေခံသည်မှာ

“ကျွန်တော်၏လှေကို ငါးကြီးက အမြီးဖြင့်ရိုက်သဖြင့် ရေထဲသို့ကျသွားပါသည်။ တစ်ပြိုင်နက်မှာပဲ ငါး၏ဟနေသော ပါးစပ်ထဲသို့ကျသွားပါသည်။ တစ်ပြိုင်နက်မှာပဲ ငါး၏ဟနေသော ပါးစပ်ထဲလိမ့်ကျကာ ချောနေသော လည်မြိုမှတဆင့် ငါး၏အစာအိမ်ထဲ ဒါရိုက်ရောက်သွားပါသည်။ ချွဲကျိကျိအရေတွေနှင့် ချောနေ၍ ကုတ်ဖဲ့တက်၍လည်းမရပါ။ မှောင်လိုက်တာမှ ဘာမှလည်းမမြင်ရပါ အစာအိမ်နံရံက အစာချေရည်ပူတွေကြောင့် နေရထိုင်ရတာခက်ပါသည်။ အသက်ရှုလို့လည်း ခက်ပါ သည်။ှ လက်နှင့်စမ်းကြည့်တော့ ဘေးနားမှာ ငါးငယ်အသေတွေ၊ မသေမရှင်တွေကိုစမ်းမိပါတယ်။ ငါးကြီး၏ဗိုက်ထဲမှာ ကြောက်လန့်တကြား အော်ဟစ်ပေမယ့် ဘယ်သူမှမကယ်နိုင်ပါ။ နောက်ဆုံးတော့ ခေါင်းကိုက်လာသည်။ သေရတော့မည်ကိုသိလာသည်။ အစာချေရည်များများလာကာ ပို၍ပူပြင်းလာ သဖြင့် သတိမေ့လုလုမှာ ကျွန်တော်ဝမ်းနည်းကြေကွဲစွာ ငိုပါတယ်။ ဘုရားသခင်ဟု ပြင်းထန်စွာ အော်ဟစ်ပါသည်။ ယောန၀တ္ထုကို သတိရလာပါသည်။ ကျွန်တော်ငိုရင်း ဆုတောင်းရင်းနဲ့ သတိလစ် သွားပါသည်။

သတိရလာသောအခါ သင်္ဘောပေါ်မှာ အဖေါ်များအလယ်မှာ ရောက်နေပါပြီ။

ယောန၀တ္ထု[2:2] မှာ အကျွန်ုပ်သည် ဒုက္ခခံရသောကြောင့် ထာဝရဘုရားကိုဟစ်အော်၍ ကိုယ်တော်သည် ထူးတော်မူ၏ မရဏနိုင်ငံ၏၀မ်းထဲမှ ဟစ်သောအသံကို နားညောင်းတော်မူ၏ ဟုပါရှိပါသည်။ ဘုရားသခင်ကို တကယ့်ရင်းနှီးကြေကွဲသော စိတ်နှလုံးနောင်တနှင့် ဟစ်ခေါ်ပါ ။ သူကျိန်းသေထူးပါမည်ဟု ကျွန်တော်သက်သေခံပါသည်။”

မိတ်ဆွေများနှင့် ကျွန်တော်တို့၏အသက်တာမှာ အပြစ်မှောင်မိုက်များ ၀န်းရံလျှက် ရှုပ်ထွေးမှု များရှိသော်လည်း ဂျိမ်းဘတ်ကလေနှင့် ယောနတို့လောက် အခြေအနေမဆိုးပါ ။ ငါးကြီး၏ဗိုက်ထဲမှ ဆုတောင်းသံကို ကြားနှိင်သော ဘုရားသခင်သည် ယခုသင်ရှိသော အရပ်ဒေသ၊ အခြအနေတွင် သင်၏တောင်းပန်ခြင်းကို နားညောင်းပါလိမ့်မည်။ ဘုရားသခင်အား ယုံကြည်စွာရှာဖွေလျှင် သင့်ကိုဆင်းရဲဒုက္ခမှ ကယ်မဖို့ လက်တံတိုမည်မဟုတ်ပါ။


ဆိုး၏ ခွန်အားကို ဖြည့်စွမ်းသော တရားဟောချက်များ စာအုပ်မှ

Saturday, October 16, 2010

ဆရာယုဒဿန်နှင့်မြန်မာပြည်

Died on the Indian Ocean, April 12, 1850.
*ယုဒသန် (ခရစ် ၁၇၈၈ -၁၈၅ဝ)။*
ဆရာကြီးယုဒသန်သည် ဘိုးတော်ဘုရားလက်ထက်တွင်
အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန်
ဟူသောအမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသောစကားလုံးကို အသံလှယ်၍ ခေါ်ဆိုသော
အသံထွက်ဖြစ်ပြီး အမည်ရင်းမှာ အဒိုနီရမ်ဂျပ်ဆင် ဖြစ်လေသည်။ ယုဒသန်သည်
မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။
ယုဒသန်သည် မြန်မာနိုင်င့ ခရစ်ယန် သာသနာရေး ဖက်၌သာမက စာပေဖက်၌သော်၎င်း၊
နိုင်ငံရေးဖက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။
ယုဒသန်သည် ၁၇၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင်
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ် မော်လဒင်မြို့တွင် မွေးဖွားခဲ့သည်။
ဗရောင်းသက္ကသိုလ်တွင် ပညာသင်ကြားခဲ့၏။ ၁၈၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင်
အန်ဟေဇယ်တိုင် နှင့် ထိမ်းမြားလက်ထပ်ခဲ့လေသည်။ နောက်တနေ့တွင် ယုဒသန်သည် အခြား
ဖေါ်လေးဦးတို့နှင့်အတူ အရှေ့အာရှနိုင်ငံများသို့ သာသနာပြုရန် စေလွတ်ခြင်းခံရ၏။
ယုဒသန် ဇနီးမောင်နှံတို့သည် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ဆေလမ်မြို့ ဆိပ်ကမ်းမှ
သင်္ဘောဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွန်လတွင် အိန္နိယနိုင်ငံ ကာလကတ္တားမြို့သို့
ဆိုက်ရောက်လေသည်။
ထိုအချိန်က ဗြိတိလျှ အစိုးရနှင့် အမေရိကန် အစိုရတို့သည်
အချင်းချင်းမသင့်မတင့် ဖြစ်လျှက်ရှိရကား အိန္နိယနိုင်ငံတွင်ရောက်ရှိနေသည့်
ဗြိတိလျှတို၏ အရှေ့အိန္နိယ ကုမ္မဏီသည် အမေရိကန်သာသနာပြုပုဂ္ဂိုလ်များကို
ထိုတိုင်းပြည်တွင် နေထိုင်ရန်မလိုလားချေ။ ထို့ကြောင့် အိန္နိယနိုင်ငံသရှိ
ဘုရင်ခံချုပ်က ယုဒသန်နှင့်ဇနီးတို့ကို မိမိတို့စီးနင်းလိုက်ပါလာခဲ့သော
သင်္ဘောဖြင့်
အမေရိကန်ပြည်သို့ပြန်ရန် အမိန့်ပေးလေသည်။ ထိုအခါ ယုဒသန်သည် ပြင်သစ်ပိုင်
မောရစ်ရှပ်ကျွန်းသို့ ထွက်ခွာခဲ့ရသည်။ အိန္နိယနိုင်ငံတွင်ရှိနေစဉ်
ယုဒသန်နှင့်သူ၏ဇနီးတို့သည် နှစ်ခြင်း ခရစ်ယန်အသင်းသို့ ကူးပြောင်းခဲ့ကြသည်။
ယုဒသန်သည် အရှေ့ အာရှနိုင်ငံများ၌ သာသနာပြုရန်ဟူသော
မူလရည်ရွယ်ချက်ကို စွန့်လွှတ်ရမည်ကဲ့သို့အခြေအနေတွင်ရောက်ရှိနေခဲ့သော်လည်း ၁၈၁၃
ခုနှစ် ဇွန်လဆန်းတွင် အရှေဖက်သို့ ကြုံရာသင်္ဘောနှင့်
မဒရပ်မြို့သို့ထွက်ခွာခဲ့ကြပြန်သည်။ တဖန် မဒရပ်မြို့မှ တဆင့်
ဂျောဂျီးယားနားအမည်ရှိ
သင်္ဘောဖြင့်မြန်မာနိုင်ငံသို့လိုက်ပါလာခဲကြရာ ဇူလိုင်လ ၁၃ရက်နေ့တွင်
ရန်ကုန်မြို့သိုဆိုက်ရောက်လေသည်။
ထိုအခါက ရန်ကုန်သည် ယခုကာလ ရန်ကုန်နှင့် လုံးဝမတူချေ။
ဆူးလေစေတီတော်ကို အရှေ့ဖက်၊ အနောက်ဖက်နှင့် တောင်ဖက်တို့မှ
အင်းကြီးတခုကာလျှက်ရှိသည်။ မြို့ကို အင်းကြီးနှင့် ချောင်းမြောင်း
ထုံးအိုင်တို့
ဝန်းရန်လျက်ရှိသဖြင့် ကျွန်းကြီးကဲ့သို့ ဖြစ်လျက်ရှိသည်။ မြို့မြောက်မျက်နှာ
ဝန်ကြီးတံခါးမှ ထွက်၍ ချောင်းကိုကူးပြီးလျင်ဝန်ကြီး လမ်းအတိုင်း ဆက်သွားပါလူ
မိုင်ဝက်လောက် ခရီးတွင် နှစ်ခြင်းသာသနာပြုအိမ်ကြီးသို့ရောက်လေသည်။ ယခုဘားလမ်း၏
မြောက်စွန်းအနီးတွင် ဖြစ်သည်ဟု သမိုင်းဆရာ များက ဆိုသည်။ ထိုအိမ်ရှင်မှာ
အိန္နိယနိုင်ငံ ဆာရမ်ပူမြို့ရှိ အင်္ဂလိပ် နှစ်ခြင်း ခရစ်ယန်သာသနာပြု ဝီလျံကာရီ၏
သား
ဖဲလစ်ကာရီ ဖြစ်သည်။ ထိုသာသနာပြုအိမ်၌ ယုဒသန်တို့ နေထိုင်ကြသည်။
ဟောရန် ပြောရန် သာသနာပြုရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည်
မြန်မာစကားကို
တလုံးတပါဒမျှ မတတ်ကြ၊ ထို့ကြောင့် မြန်မာစကားကို ဦးစွာကြိုးစားသင်ယူရသည်။
သိုဖြင့်
သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဓြွါကျမ်းတစောင်ကို
ရေးသားပြုစုပြီး လေ၏။ မြန်မာတို့ အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ
အလေ့အလာ တို့ကိုလည်း နားလည်ရပေဦးမည်။ ထို့ကြောင့် ယုဒသန်သည် လောကုတ္တရာ
စာပေများကို
လေ့လာဆည်းပူးရာ၊ မြန်မာစကား ကဲ့သိုဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း
လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍
မြန်မာအနက်
ပေးကာ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင် ပါသော မြန်မာ
စကားလုံး များကို တဖန် အက္ခရာ ဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပဌမမြန်မာ-အင်္ဂလိပ်
အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။
၁၈၁၆ ခုနှစ်တွင် ဘင်္ဂလားပြည်နယ် ဆရမ်ပူ သာသနာပြုကောလိပ်ကျောင်းက
ပုံနှိပ်စက်တလုံးနှင့် မြန်မာခဲစာလုံးများကို လက်ဆောင်ပို့လိုက်သည်။
ပုံနှိပ်စက်နှင့်အတူ ဆရာဟောက် ဆိုသူ ပုံနှိပ်ပညာတတ် အမေရိကန်သာသနာပြုတဦးလည်း
ရောက်လာသည်။ ၁၈၁၇ ခုနှစ်တွင် ယုဒသန်သည် ရှင်မဿဲ ခရစ်ဝင်ကျမ်းကို
မြန်မာဘာသာပြန်ဆိုပြီးစီးသည်။ ထိုအခါ ယုဒသန်သည် တရား ဟောနိုင်လောက်အောင်
မြန်မာစကားတတ်ပြီဟု အယူရှိလေသည်။ ထို့ကြောင့်သူသည် မြန်မာတို့ တရားနာလေ့ရှိသော
စရပ်များသို့သွားကာ ဓမ္မကထိကများ ဟောသည်ကို မြန်မာများနှင့်အတူ နာယူ၍
အတုယူနည်းမှည်းလေတော့သည်။ ထို့နောက် သာသနာပြုအိမ်ကြီးနှင့် မလှမ်းမကမ်း
လူသွားလူလာများသောခရီးတွင် စရပ်တဆောင် ဆောက်လုပ်သည်။ စရပ်မျက်နှာစာခန်းကို ဝါး၊
ဓနိတို့ဖြင့် ဆောက်လုပ်၍ အကာအရံမရှိ ဟင်လင်းထားသည်။ ထိုအဆောင်တွင် ယုဒသန်ထိုင်၍
ခရီးသွားများကို တရားနာလာရန် ဖိတ်ခေါ်လေ့ရှိသည်။ ကလေးသူငယ် များကိုလည်း သစ်သား
သင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိသည်။ ထိုစရပ်ကြီးတွင် ယုဒသန်တို့သည်
တရားစဟောသည်။ ကျမ်းစာများကိုလည်း ဆက်လက်ရေးသား ပြန်ဆိုကာ ပုံနှိပ်ထုတ်ဝေလေသည်။
သို့ဖြင့် ဘကြီးတော်ဘုရား လက်ထက်သို့ ရောက်လာသောအခါ
ဘုရင်မင်းမြက်ထံမှ တရားဟောပြောခွင့် အမိန့်တော်ကို ခံယူရန်လိုသဖြင့် အခြား
သာသနာပြုတဦးဖြစ်သူ ဆရာကိုးလမင်းနှင့် အတူ နေပြည်တော်သို့ ၁၈၁၉ ခုနှစ်
ဒီဇင်ဘာလတွင်
ဆန်တက် သွားကြလေသည်။ လမ်းခရီးတွင် တလကျော်ကြာပြီးနောက် အမရပူရမြို့တော်၌
ဘကြီးတော်
မင်းတရားကြီးထံ အခစားဝင်ရောက်ခွင့်ရ၍ ယုဒသန်က သာသနာပြုခွင့်ရရန်
လျောက်တင်လေသည်။
သို့ရာတွင် မင်းတရားကြီးက နှစ်သက်တော်မမူသဖြင့် အခွင့်မရဘဲ ရန်ကုန်သို့
စုန်ဆင်းခဲ့ရသည်။
ထိုအတော အတွင်း ယုဒသန်၏ ဇနီးမှာ ကျန်းမာရေးချို့ယွင်း
လျက်ရှိသဖြင့် ၁၈၂၁ ခုနှစ်တွင် အမေရိကန် နိုင်ငံသို ပြန်လေသည်။ ထို့နောက်
မျက်စိ
ရောဂါနှင် နားရောဂါ တို့၌အထူး ကျွမ်းကျင်သော သာသနာပြု ဆရာဝန် ပရိုက်စ် ဆိုသူသည်
၁၈၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၈၂၂ ခုနှစ်
သြဂုတ်လ၂၈ရက်နေ့တွင် ဒေါက်တာပရိုက်စ်သည် အင်းဝမြို့တော်ရှိ
ဘကြီးတော်မင်းတရားကြီးထံ
အခစားဝင်ရောက်ရန် ဆန်တက်ရာတွင် ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ်
လိုက်ပါသွား
ပြန်လေသည်။ ထိုအချိန်တွင် ဘကြီးတော် မင်းတရားကြီးသည် အင်းဝမြို့တော်သို့
ပြောင်းရွှေ့ စံနေတော်မူပြီ ဖြစ်၏။ တခါသော် ယုဒသန်သည် ဘကြီးတော်
မင်းတရားရှေ့တွင်
တရားဟော ပြောပြရလေသည်။ မင်းတရားကြီးက ယုဒသန်အား နေပြည်တော်၌ နေထိုင်ရန်
မြေတကွက်
ပေးသနားတော် မူသည်။ ဒေါက်တာပရိုက်စ် ကိုမူ စစ်ကိုင်းဖက်၌ နေအိမ်ဆောက်
ခွင်ပေးလေသည်။

ထိုနောက် ယုဒသန် သည် ရန်ကုန်မြို့ သိုစုန်ဆင်းခဲ့သည်။ ၁၈၂၃
ခုနှစ်ဒီဇင်ဘာလ ၅ ရက်နေ့တွင် အန်း ဟေဇယ်တိုင်သည် အမေရိကန်နိုင်ငံမှ
ပြန်ရောက်လာသည်။
၁၈၂၄ ခုနှစ် ဇန္ခဝါရီလ ၂၃ ရက်နေ့တွင် ယုဒသန် ဇနီးမောင်နှံ နှစ်ဦးတို့သည်
အင်းဝနေပြည်တော် သို့ ရောက်ရှိလာပြီးလျင် အိမ်တဆောင် ဆောက်လုပ် နေထိုင်ကြလေသည်။
ယုဒသန်သည် မြန်မာမှူးမတ် ဆွေတော် မျိုးတော်တို့နှင့် သင့်မြက်အောင် ပေါင်းသင်း၍
သူ၏ဇနီးက ကျောင်း တကျောင်းဖွင့်ကာ အပ်ချုပ် အတတ်နှင့် စာရေး စာဖတ်
တို့ကိုသင်ကြား
ပေးသည်။ ယုဒသန်သည် စတြာ မင်းကလေးခေါ် ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။
ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၊ မြဝတီမင်းကြီးဦးစ နှင့် မက္ခရာ
မင်းသားကြီးတို့
ထံတွင်လည်းဝင်ထွက် လေသည်။
ထိုအတောအတွင်း မြန်မာ အစိုးရနှင့် အင်္ဂလိပ်အစိုးရတို့သည်
ရှင်မဖြူကျွန်း အရေးကြောင့် စစ်ဖြစ်ကြရာ ၁၈၂၄ ခုနှစ်မေလတွင် အင်္ဂလိပ်တို့က
ရန်ကုန်မြို့ကို သိမ်းယူလေသည်။ ထိုအချိန်တွင် နေပြည်တော်၌
နိုင်ငံခြားသားတို့အား
ထိမ်းသိမ်း စောင့်ကြပ်ထားရန်လိုအပ်သည့်အတိုင်း ယုဒသန်နှင့်
ဒေါက်တာပရိုက်စ်တို့ကို
ဖမ်းဆီး၍ လက်မရွံ ထောင်သို့ပို့ထားလေသည်။ အခြားသောအင်္ဂလိပ်လူမျိုးများလည်း
ထိုနည်းအတူ အဖမ်းခံရသည်။ ၁၈၂၅ ခုနှစ် ဇန္ခဝါရီလ ၂၆ ရက်နေ့တွင် ယုဒသန်ဇနီး၌
သမီးဖွားမြင်၍ မာရီယာဟု အမည်မည့်ခေါ်သည်။
ယုဒသန်တို့လူစုကို ထောင်ထဲ၌ ၁ဝ လ အကျဉ်းချထားပြီးနောက်
အောင်ပင်လယ်ထောင်သို့ တဖန် ပြောင်းရွေ့ချုပ်နှောင် ထားလေသည်။ ဇနီးလည်း မိမိ၏
ခင်ပွန်းသွားရာ အရပ်သို့လိုက်လေသည်။ ထိုနှစ်နိုဝင်ဘာလတွင် ယုဒသန်အား
ထောင်မှလွှတ်ရန်
အမိန့်ရောက်လာသည်။ မလွန်မြို့အနီး ညောင်ပင်ဆိပ်စခန်းတွင် အင်္ဂလိပ်နှင့်
မြန်မာတို့
စစ်ပြေငြိမ်းရေးအတွက် နှစ်ဦး နှစ်ဘက် စေ့စပ်ဆွေးနွေးရာ၌ ယုဒသန်ကို
စကားပြန်အဖြစ်
စေလွတ်ရန်အတွက် ဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အင်းဝသို့ပြန်ရောက်လာသည်။
ထို့နောက် ခဲပေါင်မြို့စား ဝန်ကြီးဦးရွှေလူ၏ ကူညီမှူဖြင့် ယုဒသန်သည် ၁၈၂၅
ခုနှစ်
ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထောင်မှလွတ်သည်။ ထိုအချိန်တွင် ယုဒသန်၏ ဇနီးသည်
အသည်းအသန်ဖျားနာလျက်ရှိသည်။ ၁၈၂၆ ခုနှစ်တွင် ရန္ဓြွပိုစာချုပ် ချုပ်ဆိုသောအခါ၊
ယုဒသန်သည် စကားပြန်အဖြစ် ဆောင်ရွက်ကာ အင်္ဂလိပ်မှ မြန်မာသို့၊ မြန်မာမှ
အင်္ဂလိပ်သို့
ပြောသမျှ စကား၊ေါ်သမျှ စာတို့ကို ဘာသာပြန်ဆိုရလေသည်။
စစ်ပြေငြိမ်းသွားသောအခါတွင်ကား
ယုဒသန်သည် အောက်ပြည်သို့စုန်၍ အင်္ဂလိပ်ပိုင်နက်ဖြစ်သော ကျိုက်္ခမီမြို့တွင်
နေထိုင်ကြသည်။
ယုဒသန်၏ ဇနီး အန်း ဟေဇယ်တိုင်သည် ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်
ကွယ်လွန်လေသည်။ ထိုအချိန်တွင် ယုဒသန်သည် ဗြိတိလျှ အစိုရကိုယ်စလှယ် ဂျွန်
ကရောဖက်နှင့်အတူ အင်းဝမြို့တော်သို့ အင်္ဂလိပ်အစိုးရ ကိစ္စဖြင့်
ရောက်ရှိနေခိုက်ဖြစ်သည်။ ၁၈၂၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ယုဒသန်၏ သမီး
မာရီယာသည်လည်း ကွယ်လွန်လေသည်။
ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်
မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနိုပ်တိုက်၌ ပထမဦးဆုံးအကြိမ်
ရိုက်နှိပ်ခဲ့သည်။
ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင်
ပုံနိုပ်ပြီးစီးလေသည်။ ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့်
မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တအုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။
သို့သော်လည် ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂
ခုနှစ်တွင်
အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။ အင်္ဂလိပ်အဘိဓာန်ကို ၁၈၄၉ ခုနှစ်
ဇန္ခဝါရီလ
၂၄ ရက်နေ့တွင် အပြီးသတ်သည်။ ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက်
မကျန်းမမာဖြစ်လာသည်။ ထို့ကြောင့် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည်
မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့တွင်
ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေမြှတ်သဂြိုလ်လိုက်ကြသည်။
ယုဒသန်၏ လက်ငုတ်ဖြစ်သော မြန်မာ အဘိဓာန်ကို သာသနာပြုဆရာ အီးအေ၊
စတီဖင်က ဆက်လက်လုပ်ကိုင်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန်
သာသနာပုံနိုပ်တိုက်၌ ပထမအကြိမ် စက်တင် ပုံနိုပ်နိုင်ခဲ့သည်။ ယုဒသန်သည်
အဘိဓာန်နှင့်
ခရစ်ယန်ကျမ်းများအပြင် ရွှေချန်ခွင် စာအုပ်ကို ၄င်း၊ မြန်မာအမျိုးသမီး ဝတ်ဆင်ပုံ
စာတမ်းကို ၄င်း၊ ပိဋ္ဋကတ်အနှစ်ချုပ် ကျမ်းကို၎င်း မြန်မာဘာသာဖြင့် ရေးခဲ့လေသည်။
ယုဒသန်သည် ပထမ ဇနီး အန်း ဟေဇယ်တိုင်ကွယ်လွန်ပြီးနောက် ၁၈၃၄
ခုနှစ်တွင် မစ္စစ် ဗော့ဒမန်ဆိုသူ မုဆိုးမတဦးနှင့် ဒုတိယ အိမ်ထောင်ပြုသည်။ တဖန်
ဒုတိယ ဇနီးကွယ်လွန်ပြန်၍ ၁၈၄၆ ခုနှစ်တွင် မစ္စအမ္မလီချူးဗက် ဆိုသူနှင့် တတိယ
အိမ်ထောင်ပြုလေသည်။ ကျန်ရစ်ခဲ့သောသားသမီးများအနက် သားဖြစ်သူ အက်ဒွပ် ဂျပ်ဆင်သည်
ယုဒသန်၏ အထုပ္ပတိကို ရေးခဲ့လေသည်။ ယခင်က ရန်ကုန်တက္ကသိုလ်တွင် အပါအဝင်ဖြစ်သော
ဂျပ်ဆင်ကောလိပ်မှာ ယုဒသန်အထိမ်းအမှတ်ကျောင်းပင်ဖြစ်သည်။

မြန်မာစွယ်စုံကျမ်း အတွဲ ၁ဝ၊ (၁၉၆၆) စာမျက်နှာ
Burmese Encyclopedia Vol 10,
P-433 (Publsihed in 1966)


ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကျော်
နှစ်ခြင်းခံပြီး
ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော်
၆၃ကြိမ်ကို
မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံဓမ္မဆရာ၊
လက်ထောက် ဓမ္မဆရာများစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော
မက်သဒစ်၊ ပရက် ဘာတာရီယန်စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ
..
စသည့် ဆရာကြီး ယုဒသန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့်
အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧ၀ံဂေလိခရီးစဉ် အားလုံးတို့သည်
ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
နှစ်အလိုက် ဆရာယုဒသန်၏ ဘ၀ဖြစ်စဉ် ၁၇၈၈
သြဂုတ် ၉ ရက်နေ့၊ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင်
မွေးဖွားခဲ့သည်။
ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။ ၁၈၀၄ ၁၆နှစ် ဘရောင်း
တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။ ၁၈၀၇ ၁၉နှစ် ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွင်
ရရှိခဲ့သည်။ ၁၈၀၇ ၁၉နှစ် အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ်
ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ
သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့်
ဆန့်ကျင်ပြီး နယူးယောက်
မြို့ကြီးသို့ ဘ၀အောင်မြင်ရေးခရီးထွက်ခဲ့သည်။ ၁၈၀၈ ၂၀နှစ် ခရီးသွားရင်း
မြို့ငယ်လေးတည်းခိုခန်းတခန်းမှ
ညည်းညူသေဆုံးသွားသူ လူငယ်တဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ
မိမိသူငယ်ချင်း
ဘာသာမဲ့တဦးဖြစ်သည်ကို အံ့သြဘွယ် ကြုံခဲ့ရပြီး မိမိ မိသားစုထံ
ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း
Andover Seminary
တွင်ဆက်လက်တက်ခဲ့သည်။ ၁၈၀၉ ၂၁နှစ် Plymouth အသင်းတော်တွင် ပါဝင်ပြီး
ဧ၀ံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း
လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက်
နှစ်နှင်ချီပြီးဆွေးနွေး
တိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ၁၈၁၁ ၂၃နှစ် လန်ဒန်မြို့သို့
သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းသည်။ ၁၈၁၂
၂၄နှစ် အန်းနှင့် လက်ထပ်သည်။ သိက္ခာရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။
ဘော့စတွန်မြိုမှာ
သင်္ဘောဖြင့် အိန္နိယပြည်၊
ကာလကတ္တားမြို့
အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။ ၁၉၁၃ ၂၅နှစ် ရန်ကုန်မြိုသို့
ဇူလိုင် ၁၃ရက်နေ့တွင် ရောက်ရှိသည်။ ၁၈၁၆ ၂၈နှစ် မြန်မာစကား၊စာပေ ကို
၆လခန့်အပြင်းအထန် ဟိန္နူလူမျိုးတဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊
စာပေ
ကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ - အင်္ဂလိပ်
အဘိဓာန်၊ ပါဠိ - မြန်မာ
အဘိဓာန်ကို စတင်ပြုစုရင်း
မြန်မာကျမ်းစာအုပ်

ရှင်မဿဲခရစ်ဝင် <http://burmesebible.com/buglish/Matthew.htm>
ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။ ၁၈၁၉ ၃၁နှစ် လူထုတရားပွဲများ
ရွေဓိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော
နှစ်ခြင်း
ခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ (၁၉၁၉ ဇွန် ၂၇)။ ထို့နောက် မောင်သာလှ၊
မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။
မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး
ရွှေမြန်မာကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်း
သာသနာပြုခွင်တောင်းဆိုခဲ့ရာ ညင်းပယ်ခံရသည်။ ၁၈၂၀ ၃၂နှစ် ထို့နောက်
သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့်
အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့
ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။
မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွယ်ဝချမ်းသာသော
မိတ်ဆွေ၂ဦးတို့ နှစ်ခြင်းခံခဲ့သည်။ မောင်ရွှေဂုံးသည်
မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။ ၁၈၂၃ ၃၅နှစ် ဓမ္မသစ်
မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။ ၁၈၂၄ ၃၆နှစ် အင်္ဂလိပ်မြန်မာ
ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။
ဆရာယုဒသန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက
အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၁၈၂၆
၃၈နှစ် သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။
ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊
မော်လမြိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။
ကျမ်းစာဘာသာပြန်ဆက်လုပ်သည်။
ပထမဇနီးသည် ကွယ်လွန်သည် (၁၈၂၆) ။ ဖခင်ဖြစ်သူ ကွယ်လွန်သည် (၁၈၂၇)။
၁၈၃၄ ၄၆နှစ် ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။ ၁၈၃၅
၄၇နှစ် ဓမ္မဟောင်းကျမ်းစာ
မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။ (ဒီဇင်ဘာ ၂၉)။ ၁၈၃၅ ၄၇နှစ် အမေရိကားသို့
သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။ (၁၈၃၅)
ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ - ၁၈၃၅ တွင် ရောက်ရှိသည်။
အမေရိကန်အသင်းတော်များတွင် အမေရိကန်စကားဖြင့် မြန်မာသာသနာပြု
ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။ ၁၉၄၅ ၅၇နှစ် မစ္စအမ္မလီချူးဗက် နှင့်
အိမ်ထောင်ပြုသည်။ ၁၉၄၆ ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။ ၁၈၄၆
၅၈နှစ် အင်္ဂလိပ်-မြန်မာ
အဘိဓါန် ပြီးစီးခဲ့သည်။ ၁၈၅၀ ၆၂နှစ် ဆေးကုသရန် အမေရိကားသို့ ပြန်ရာ
သင်္ဘောပေါ်တွင် ကွယ်လွန်သည်။ (၁၂ ဧပြီ ၁၈၅၀)

*Christian Heroism in Heathen Lands*
by Galen B. Royer မှတဆင့်
မြန်မာမှုပြုသည်

Sunday, October 3, 2010

အစ္စရေးနိုင်ငံပေါ်ထွန်းလာခြင်း



ယနေ့အစ္စရေး

အစ္စရေးနိုင်ငံသမိုင်းကြောင်းသည် သမ္မာကျမ်းစာအား သွေဖည်ဆန့်ကျင်ခြင်းမရှိဘဲ ကျမ်းစာပရောဖက်ပြုချက်နှင့် တညီတထပ်တည်း ဖြစ်ပျက် တည်ရှိနေပါသည်။ ဓမ္မဟောင်းကျမ်းတွင် နောက်ဆုံးသောကာလ၌ ပြန်လည်တွေ့ကြမည့် ဤလူမျိုးအတွက် ပရောဖက်ပြုချက် (၁၂)ချက်ရှိသည်။ ဤအတွက်ကြောင့်ပင် နောက်ဆုံးသောကာလကို လေ့လာရာ၌ အစ္စရေးနိုင်ငံနှင့် ယင်းလူမျိုးမှာ မဖြစ်မနေစောင့်ကြည့်ရမည့် အချင်းအရာ တစ်ရပ်ဖြစ်လာသည်။ အစ္စရေးသမိုင်းသည် အလွန်စိတ်ဝင်စားစရာကောင်းပေသည်။ ယနေ့ အစ္စရေးနိုင်ငံ၏ ဖြစ်ပျက်ပြောင်းလဲသမျှသည် ကျမ်းစာနှင့်အညီ ဖြစ်ပျက်ပြောင်းလဲနေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ယေဇကျေလ ပရောဖက်ပြုချက်

နောက်ဆုံးကာလ မြင်ကွင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်က ပရောဖက် ယေဇကျေလ ဟောပြောခဲ့သည်။ ထိုကာလတွင် ပရောဖက်ပြုချက်ဟူသမျှသည် အစ္စရေးလူမျိုး၌ ပြည့်စုံစွာ ဖြစ်ပျက်လာမည်ဟု ဆိုသည်။ ခရစ်တော်ဘုရား လူ့လောကသို့ ပြန်လည်ကြွလာ၍ ရှင်ဘုရင်အဖြစ် အုပ်ချုပ်စိုးစံမည် ယေဇကျေလ ဟောပြောခဲ့ပါသည်။

"အတိုင်းတိုင်း အပြည်ပြည်သို့ ငါကွဲပြား ပြန့်လွှင့်စေပြီ။ သူတို့ကျင့်ကြံ ပြုမူသည့်အတိုင်း ငါစီရင်ပြီ၊ အကြောင်းမူကား သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင် သင်တို့နေရင်းပြည်သို့ ပို့ဆောင်မည်" (ယေဇ ၃၆း ၁၉-၂၄)

ဘုရားသခင်က အစ္စရေးလူမျိုးအား ကမ္ဘာအရပ်ရပ်သို့ အနှံ့ပြန့်လွင့်စေမည်။ ပြီးနောက် ပြန်လည်စုစည်းစေသောကာလသည် နောက်ဆုံးကာလ ဖြစ်သည်။ ထိုကျမ်းစကား မှန်ကန်ကြောင်း မျက်မှောက်ကာလတွင် ကြည့်သောသူတို့ မြင်တွေ့ ကြရသည်။ အေဒီ ၇၀ ခုနှစ်တွင် ရောမတို့က ယေရုဆလင်ကို တိုက်ခိုက်ဖျက်ဆီးသောကြောင့် ယုဒလူများ ကမ္ဘာအနှံ့သို့ ထွက်ပြေး ပြန်ကျဲခဲ့ကြသည်။ ထွက်ပြေးလွင့်ပါးရသည်။ မရှိမဲ့ ရှိမဲ့ ယုဒလူများကို ဟစ်တလာက နှိပ်ကွပ်သောအခါ သေကြေကြေပြန်သည်။ နှစ်ပေါင်း ၁၈၀၀ ခန့်မျှ တိုင်းတပါးသားများက အုပ်စိုးကြသော်လည်း က္ကုသရေလတို့၏ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုသည် တိမ်မြုတ်ပျေက်ကွယ်သွားခြင်း မရှိ။ အစ္စရေးနိုင်ငံ ပြန်လည် ထူထောင်လာကြသောအခါ ယခင်အတိုင်း ပိုနေမြဲ ကျားနေမြဲ ရှိနေသည်။ အံ့သြဘွယ် နမိတ်လက္ခဏာ မဟုတ်ပါသလော။ ယေဇ ၃၆း၂၄ ကျမ်းချက်ပြည့်စုံခြင်း ဖြစ်သည်။

ဂျူးလူမျိုး ပြန်လည်စုစည်းမည့် အကြောင်းကို ပရောဖက် ဟေရှာယက ဤသို့ရေးသားသည်။

"မစိုးရိမ်နှင့်၊ ငါသည် သင်တို့နှင့်အတူရှိ၏၊ အရှေ့အရပ်မှ သင်တို့အမျိုးအနွယ်တို့ကို ငါဆောင်ခဲ့သည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။ မြောက်မျက်နှာကို အပ်လော့ ဟု၎င်း၊ တောင်မျက်နှာကို မထိန်ချန်နှင့် ဟု၎င်း..."

၎င်းသည် အစ္စရေးလူမျိုးများ ယေရုဆလင်တွင် ပြန်လည်စုစည်းကြမည့်အကြောင်းဖြစ်၏။ တခါက စာရေးသူကိုယ်တိုင် အစ္စရေးဗိုလ်ချုပ်တစ်ဦးနှင့် စကားလက်ဆုံကျခဲ့သည်။ ထိုဗိုလ်ချုပ်ကလည်း နောက်ဆုံးသောကာလသို့ အမှန်ပင်ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း ၀န်ခံစကား ပြောကြားခဲ့ပါသည်။

၁၉၄၈ခုနှစ်တွင် အစ္စရေးနိုင်ငံကို ပြန်လည်တည်ထောင်စဉ်၌ ပထမဦးဆုံး ပြန်လည်ရောက်ရှိလာသူများမှာ တရုပ်ပြည်မှ အစ္စရေးများဖြစ်သည်။ ထိုသူများ နောက်တွင် ဥရောပအရပ်ရပ်မှ ဂျူးများ ထပ်မံရောက်ရှိလာကြသည်။ ရုရှားနိုင်ငံမှ ဂျူးများက အခွင့်ရရှိဖို့ စောင့်မျှော်နေကြရသည်။ ထိုဂျူးများရောက်ရှိလာပြီးနောက် မိုးဇက်စစ်ဆင်ရေးဖြင့် အီသီယိုပီးယား (အဲသယောပိ) မှ ဂျူးများကို လေယဉ်ကြီးများဖြင့် ခေါ်ဆောင်ရောက်ရှိလာကြသည်။ ထိုသို့ အရပ်လေးမျက်နှာမှအစ္စရေးများ ပြန်လည်စုစည်းခြင်းသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံလာခြင်းဖြစ်သည်။

ကမ္ဘာအရပ်ရပ်သို့ အကွဲကွဲအပြားပြား ပြန့်လွင့်စင်သွားပြီးမှ ပြန်လည်စုစည်းခြင်းသည် ဘုရားသခင်၏ စကားတော်မှန်ကန်ကြောင်း သက်သေဖြစ်သည်။ ဗာဗုလုန် သို့မဟုတ် တိုင်းတပါးသို့ ဖမ်းဆီးခြင်းခံရရာမှ ပြည်တော်ပြန်ဝင်ခွင့်ရရှိကြခြင်းမျှသာ ပရောဖက်ပြုချက် ပြည့်စုံခြင်းမဟုတ်သေး၊ လု ၂၁း ၂၄ တွင် ...

"သူတို့သည် ဓားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည်စုံမှီတိုင်အောင် ယေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်" ဟု ခရစ်တော်ကိုယ်တိုင် ပြောထားသည်။ ထိုစကားသည် အစ္စရေးနိုင်ငံအား တိုင်းတစ်ပါးသား လက်အောက်သို့ ကျရောက်မည့်အကြောင်းဖြစ်၏။

ယေရုဆလင် ပျက်သုန်း၍ ယုဒလူများ ဖမ်းဆီခြင်း ခံရသည့်အချိန်ရှိသကဲ့သို့ ယေရုဆလင်တွင် ပြန်လည်စုစည်းကြရမည့် ခရစ်တော်၏ စကားတော် (ပရောဖက်ပြုချက်) သည် ပြန်လည်စုဝေးခြင်း တစ်ခုတည်းသာ ဆိုလျှင် ပြီးပြည့်စုံပြီဟု မဆိုသာသေးပါ။

၁၉၄၈ခုနှစ်တွင် အစ္စရေးနိုင် ပြန်လည်ထူထောင်ခြင်းထက် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက် ရှိသေးသည်။ ၁၉၆၇ ခုနှစ်တွင် ဂျူးတို့သည် ယေရုဆလင်ကို ပြန်လည်သိမ်းပိုက် အုပ်စိုးနိုင်ခဲ့ပေသည်။ ဘုရားသခင်၏ အနာဂတ္တိ စကားများသည် မလွဲမသွေ ဧကန်အမှန်ချည်းသာ ဖြစ်သည်။

ပရောဖက် ယေဇကျေလက အခြားနိမိတ်ပြုထားသည်။ သင်္ဘောသဖန်းပင် အသက်ပြန်ရှင်သကဲ့သို့ က္ကုသရေလ လူများ နောက်ဆုံးကာလ၌ ပြန်လည်ရှင်သန်လာကြမည့်အကြောင်း တစ်မျိုး၊ တစ်ဘာသာ ပရာဖက်ပြုထားသည်။ ပြည်တော်လွမ်းစိတ်ဖြင့် "ထိုအခါ သူ့တပါးတို့က အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင်ပယ်ရှင်းပျက်စီးသော မြို့တိုသည်လည်း ခိုင်ခံ့၍ မြို့သစ်နှင့် ပြည့်စုံကြမည်" (ယေဇ ၃၆း ၃၅) ဟု ဟောကိန်းထုတ်ခဲ့သည်။

ပရောဖက်ပြုချက် အဓိပ္ပါယ်ရှင်းပါသည်။ သဲကန္တာရလွင်ပြင် က္ကုသရေလမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ စိမ်းလန်းစိုပြေလာလျှင် နောက်ဆုံးသော ကာလသို့ ရောက်ပြီဟု မှတ်သားခိုင်းသည်။

ယေဇကျေလ၏ ပရောဖက်ပြုချက် ပြည့်စုံပုံတို့ကို ၁၉၈၇ခု၊ စက်တင်ဘာလ ၇ ရက်နေ့ထုတ် Saturday Evening Post စာမျက်နှာ ၄၈၊ ၂၉ ၌ "အံ့ဘွယ် အစားအစာ" ဟူသော ခေါင်းစဉ်ပါ သတင်းတွင် တွေ့နိုင်သည်။

"သဲကန္တာရထဲက အစ္စရေးတို့၏ အံ့ဘွယ်အစားအစာ" ဟု ခေါင်းစဉ်တပ်၍ "သဲနှင့် ဆားငံရေမှ အစာအဟာရဖြစ်ထွန်းပုံ" ရေးသားထားသည်။ အမှန်စင်စစ် သဲကန္တာရသည် စိုက်ပျိုးမြေမဟုတ်။ လူနေအပ်သောအရပ်မဟုတ်။ ရပ်ပြစ်ရှစ်ပါး အ၀င်မြေမျိုး ဖြစ်သည်။ ယခုမူ ထိုကန္တာရမြေပေါ်တွင် လူသန်းပေါင်းများစွဖြင့် စည်ကားသိုက်မြိုက်စွာ နေထိုင်လျှက်ရှိကြသည်။ လယ်ဧကပေါင်းများစွာ ထွန်ယက်စိုက်ပျိုးကြသည်။

အစ္စရေးတို့၏ စိုက်ပျိုးရေးဖက်၌ အောင်မြင်ဖြစ်ထွန်းပုံကို ထိုစာစောင်ထဲတွင် တ၀တပြဲ ဖတ်ရှုရသည်။ သူတို့သည် သဲကန္တာရ စိုက်ပျိုးရေးနည်းသစ်ကို တီထွင်ကြသည်။ သီးနှံစိုက်ပျိုးပင်များကို ဆားငံရေ လောင်းကြသည်။ ထိုဆားငံရည်သည် ရေချိုထက် ဆားဓါတ် အဆ (၂၀) ပိုမိုပါဝင်သည်။ ကန္တာရမြေပေါ်တွင် ဆားငံရေလောင်း၍ စိုက်ပျိုးသီနှံဖြစ်ထွန်းအောင်မြင်ခြင်းမှာ မယုံနိုင်စရာဖြစ်သည်။ နားရှိ၍သာ ကြားသည်။ မယုံချင်ကြ။ သို့ကြောင့် ထူတိုင်းတွေ့မြင်ချင်ကြသည်။ ဖြစ်ထွန်းအောင်မြင်မှုများကို အဝေးမှ လှမ်းမြင်နိုင်သည်။ မယုံနိုင်သဖြင့် စာရေးသူကိုယ်တိုင် လက်တွေ့ကွင်းဆင်းပြီး သွားရောက်လေ့လာခဲ့သည်။

လယ်သမားများ၊ စိုက်ပျိုးရေးသမားများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးကြကြောင်း တွေ့ရသည်။ ဖရဲ၊ အာလူး၊ ခရမ်း၊ ငရုတ်၊ စွန်ပလွန်၊ ဘူးသီးနွယ် နှင့် ထောပတ်သီးများ လှိုင်လှိုင် ဖြစ်ထွန်းကြောင်း တွေ့မြင်ရသည်။ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချကြရသည်။ တစ်ဧကလျှင် အသီးအနှံ တန် (၆၀) မျှ ထွက်သည်။ နှစ်စဉ် နှစ်တိုင် ၄ဆမှ ၆ဆ အထိ အတိုးထွက်နှုန်းကောင်းသည်။ ဤဆောင်းပါးအဆိုအရဆိုလျှင် ယေဇကျေလ၏ ပရောဖက်ပြုချက် ပြည့်စုံလာနေကြောင်း သက်သေထူနေပါသည်။

အမေရိကန်သည် အစ္စရေးသဲကန္တာရမြေ၏ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှုကို အားရ သဘောကျ၍ လိုက်လုပ်ကြည့်သည်။ သို့သော် မအောင်မြင်ပါ။ ထိုအကြောင်းကို ၁၉၉၀ခုနှစ် ဇွန်လ ၁၉ရက်နေ့ထုတ် The Newyork Times စာမျက်နှာ ၆-၉ တွင်ရေးသားထားသည်။ သစ်ပင်များကို ဆားငံရေ ခက်ခဲစွာ လောင်းကြပါသည်။ အစ္စရေးတို့နည်းဟန်အတိုင်း မတိမ်းမစောင်း လိုက်လောင်းကြသော်လည်း မအောင်မြင်ကြပါ။

၁၉၈၈ခုနှစ် အောက်တိုဘာလ အစ္စရေးစာစောင်တွင် မက်မုံသီး၊ ဆီးသီး၊ တရုပ်ဆီးသီး၊ နတ်သြဇာ၊ ချယ်ရီသီး အစရှိသည့် ရာသီ သီးနှံများ ဘုန်းဘောလအော ဖြစ်ထွန်းပုံရေးထားသည်။ ဥရောပ ဈေးကွက်သို့ လက်မလည်အောင် တင်ပို့နေရသည်။ ထိုစာစောင်ထဲတွင် သစ်သီးဝလံများသာမက ပန်းမာလ် များလည်း တင်ပို့ရကြောင်း ရေးသားထားသည်။

ဂျာမဏီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဟောလန်တိုင်းပြည်များသို့ ရောင်းချရသည်။ ပန်းပေါသော ထိုတိုင်းပြည်များသို့ အစ္စရေးပန်းများ ဈေးကွက်တိုးဝင်နိုင်ခြင်းမှာ ယုံရခက်ကြီးဖြစ်သည်။

အစ္စရေးနိုင်ငံ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ မိခင်တိုင်းပြည်ဖြစ်ရခြင်းမှာ ယုံကြည်သူခရစ်ယာန်များအတွက် အံ့သြစရာ မဟုတ်ပေး အဘယ့်ကြောင့်ဆိုသော် ရှေးပဝေသဏီကပင် ပရောဖက်ပြုချက် ရှိခဲ့ပြီးဖြစ်သည်။

"နောင်ကာလ၌ ယာကုပ်သည် အမြစ်ကျလိမ့်မည်။ က္ကုသရေလသည် စိမ်းလန်း အဖူးအငုံထွက်သဖြင့် လောကနိုင်ငံကို အသီးနှင့်ကြည့်စေလိမ့်မည်" (ဟေရှာ ၂၇း၆)ဟု ဟောကိန်းထုတ်ထားသည်။

တနေ့သောအခါ အစ္စရေး သဲကန္တာရမြေမှ ကမ္ဘာအနှံ့သို့ ပန်းမာလ် တင်ပို့မည့် ပရောဖက်ပြုချက်သည် လူ့အတွေးတွင် ယုံရခက်လှသည်။ ဖြစ်နိုင်ဖွယ်မရှိ၊ သေးငယ်သော အစ္စရေးမြေသည် ကမ္ဘာ့တိုင်းပြည်ကြီးများ၏ "မုန့်တောင်း" ဖြစ်မည့်အကြောင်း အမှန်တကယ် ပရောဖက်ပြုချက် ရှိခဲ့ပါသည်။ နိုင်ငံတကာ ဈေးကွက်တွင် အမှန်တွေ့နေရသည်။ စာရေးသူသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဥရောပနိုင်ငံများသို့ အလည်အပတ်ရောက်ခဲ့ရာ ဈေးကွက်၌ အစ္စရေးပြည်မှ တင်ပို့ထားသော သီးနှံများ တောင်ပုံ၊ ယာပုံ တွေ့ခဲ့သည်။

ကမ္ဘာ့ သစ်သီးဝလံ တင်ပို့ရောင်းချသော တိုင်းနိုင်ငံအနက် အစ္စရေးနိုင်ငံသည် ဒုတိယနေရာလိုက်နေသည်။ သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက် မှန်ကန်တိကျမှုကား အံ့ဖွယ်ကောင်းပေစွ။

လွန်ခဲ့သော အနှစ် (၂၀) မှစ၍ အစ္စရေး၏ စိုက်ပျိုးသီးနှံ ပို့ကုန်များကို လေ့လာလျှင် သဲကန္တာရ စိုက်ပျိုးရေးအကြောင်း ပိုမို၍ စိတ်ဝင်စားသွားမည်။ သဲကန္တာရကို ဧဒင်ဥယျာဉ်သဖွယ် ပြောင်လဲစေသော ဘုရားသခင်၏ ကတိတော်စကားသည် မှန်ကန်သည်ကို အခိုင်အမာ ထောက်ခံပါသည်။

"ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သောသူကို၎င်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေံကြဲသူကို၎င်း မှီလျှက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍ ကုန်းရှိသမျှတို့သည် အရည်ဖြစ်ရသော ကာလရောက်လိမ့်မည်။ သိမ်းသွားခြင်းကို ခံရသော ငါ၏လူ က္ကုသရေလအမျိုးသားတို့ကို တဖန် ငါဆောင်ခဲ့သဖြင့် သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များ စိုက်၍ စပျစ်ရည်ကို သောက်သုံးကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားရလိမ့်မည်။" (အာ ၉း၁၃-၁၄)

စိုက်ပျိုးသောသူသည် ရိတ်သိမ်းသောသူကို မှီလိမ့်မည်ဟု ပရောဖက်ပြုထားချက် ရှိနေသည်။ စာရေးသူသည် ခရစ်တော်ကျင်လည်ခဲ့ရာ အစ္စရေးမြေသို့ အခေါက်ပေါင်း (၄၀)ကျော်မျှ သွားရောက် လေ့လာ သုတေသနပြုခဲ့သည်။ တနှစ်၌ လယ်သမားများထံသို့ သွားရောက်လည်ပတ် လေ့လာရာ၊ ထိုနှစ်အတွင်းတွင် သီးထပ် (၆)ကြိမ် စိုက်ပျိုးပြီး၍ (၇)ထပ်မြောက် မျိုးစေ့ ကြဲကြောင်းတွေ့ရှိသဖြင့် အလွန်အံ့အားသင့်မိသည်။ အစ္စရေးမြေနှင့် ပတ်သက်၍ ရှေးရာစုနှစ်ပေါင်းများစွာက အနာဂတ္တိစကားများသည် အမှန်တကယ် ပြည့်စုံလာချေပြီ။ ဘုရားသခင် ဂတိတော် ထားရှိခဲ့သည့်အတိုင်း အစ္စရေးမြေပေါ်တွင် စိုက်ပျိုး၍ သီးနှံသစ်သီးဝလံများ ဖြစ်ထွန်းအောင်မြင် စည်ပင်ဝပြောနေပြီ တကား။

မျှော်လင့်ခြင်းရောင်ခြည် @ Life Of Hope Magazine Vol.3 (Published in Yangon 2010) မှတဆင့်ဖေါ်ပြသည်။
ဆက်သွယ်ရန်။ စောစံအောင်
lightofhope.elc@gmail.com

မုရန်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။