Do not be anxious about anything, but in everything, by prayer and petition, with thanksgiving, present your requests to God. And the peace of God, which transcends all understanding, will guard your hearts and your minds in Christ Jesus. Philippians 4 ; 6 - 7
JESUS
Thursday, May 26, 2016
Saturday, May 21, 2016
Monday, May 16, 2016
Tuesday, May 10, 2016
Saturday, March 26, 2016
Friday, February 5, 2016
( ၁ ) ရွှေလင်းယုန် ငှက်များ မေတ္တာ မျှဝေ ဆက်ဆံ ကြပုံ
ရွှေလင်းယုန် ငှက်များ မေတ္တာ သက်ဝင်ကြပုံမှာစိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ကောင်းကင်ယံတွင် ငှက်နှစ်ကောင် စတင်ချစ်တင်းနှောကာ ပိုးပန်းကြသည်။ ငှက်မသည် သူ၏ ခြေသည်းများဖြင့် သစ်ကိုင်းတစ်ခုကိုကောက်ယူကာ တောင်တန်းများကိုဖြတ်ကျော် ပြန်သန်းလျှက် နောင်အလားအလာ ရှိမည့် ကြင်ဖေါ်ကို ရှာဖွေပါသည်။ သူမ နှစ်သက်သော ရွှေလင်းယုန်ဖိုအား တွေ့လျှင် တွေ့ချင်း သူရှိရာသို့ သစ်ကိုင်းကို ချပေးလိုက်သည်။ ငှက်ဖို အနေဖြင့် ငှက်မအား တုံ့ပြန်လိုလျှင် မိုးကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ခြေများကို ဆန့်ထုတ်လျှက် သစ်ကိုင်းကို ဖမ်းယူ၍ ငှက်မထံသို့ ညင်သာစွာ သစ်ကိုင်းကို ပြန်ပေးပါသည်။ ထိုနောက် ထိုးဆင်းသွားပြီး သူ၏နေရာ၌ ပြန်နေပါသည်။
ငှက်မသည် သစ်ကိုင်းနှင့်အတူ လေထဲ၌ ဆက်လက် လှည့်လည်ကာ သစ်ကိုင်းကို
တဖန် ပစ်ချပြန်သည်။ ငှက်ဖိုသည် သူမအားစိတ်ဝင်စားလျှင် သစ်ကိုင်းကျလာသည်ကို မြင်သည်နှင့်
တဖန် မိုးကောင်းကင်သို့ ပျံတက်ကာ သစ်ကိုင်း
ကိုဖမ်းယူလိုက်ပြီး သူမထံ ပြန်ပို့ပေးသည်။ ထိုသို့ တစ်ကောင် ကို တစ်ကောင် တုံ့ပြန်နေကြကြောင်း
နားလည်စေရန် ဤ အပြုအမူကို ထပ်ခါ တလဲလဲ ပြသကြသည်။
ထို့နောက် နှစ်ကောင်စလုံး မိုးကောင်းကင်ထက်သို့ ပျံသန်း
တက်သွားပြီး ခြေသည်းများဖြင့် အပြန်အလှန် ကိုင်ဖမ်းကြသည်။ ထို့နောက် အချင်းချင်း ပတ်ရစ်လျှက်
ကောင်းကင်ထက်ဆီသို့ မိုင်ထောင်ပေါင်းများစွာ ပျံတက်သွားပြီး ပြန်ဂျွမ်းထိုး ဆင်းသည်။ မြေပြင်ကိုမထိခင် တစ်ကောင် ကို တစ်ကောင် လွှတ်လိုက်ကြပြီး
အထက်သို့ တဖန် ပျံတက်ကြသည်။ အခြား ငှက်များကဲ့သို့ မြေပြင် သို့မဟုတ် သစ်ပင်များပေါ်တွင်
မိတ်လိုက် ဆက်ဆံခြင်းမရှိပါ။ မိုးကောင်းကင်၌သာ ဆက်ဆံကြသည်။ သူတို့၏ မေတ္တာမျှဝေခြင်း
၊ အလိုဆန္ဒ ပြည့်ဝခြင်း ၊ ပျံသန်းခြင်း နှင့် ၀မ်းမြေက်ခြင်း များသည် ကမ္ဘာ မြေကြီး နှင့်
မသက်ဆိုင်ဘဲ ကောင်းကင်နှင့်သာ သက်ဆိုင်သည်။
ရွှေလင်းယုန် ငှက်များ၏ ဘ၀ ကြင်ဖေါ်ပြုခြင်း နှင့် မိတ်လိုက်
ဆက်ဆံ ခြင်းများသည် တစ်သက်တာ အတွက်ဖြစ်ပါသည်။ နှစ်ကောင်အနက်တစ်ကောင် သေဆုံးသောအခါမှသာလျှင်
ကြင်ဖေါ်ပြောင်းသည်။ သေသည့်တိုင် သစ္စာရှိကြသည်။
ရွှေလင်းယုန်များ၏ ပိုးပမ်းမှုသည် ကောင်းကင်ဘုံရှင် သားတော်ယေရှုခရစ်
နှင့် ကျွန်ုပ်တို့၏ မေတ္တာ ဆက်နွယ်မှုကို ပုံဆောင်ပါသည်။ ဤနမူနာ၌ ယေရှုက သစ်ကိုင်း (ကားတိုင်) ကို ချပေးပြီး အောက်၌ရှိသော ကျွန်ုပ်တို့သည် ကားတိုင်ကို တွေ့မြင်ကာ ဖမ်းယူပြီး
အရှင်ယေရှု ၏ မေတ္တာ ကိုယုံကြည် လက်ခံခဲ့သည်။ အရှင်ယေရှု ကြွဆင်းလျှက် သူနှင့်အတူရှိရန်
၊ သူနှင့်ဆက်ဆံရန် ၊ သူနှင့်မေတ္တာမျှဝေရန် ကျွန်ုပ်တို့အား အထက်သို့ ဆောင်ယူသွားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်
၏ မေတ္တာကို တုံ့ပြန်လိုလျှင် ယေရှုခရစ် အားဖြင့် ဘုရားသခင်ထံသို့လာနိုင်ပါသည်။
ယေရှုက “ ငါသည် လမ်းခရီးဖြစ်၏ ။ သမ္မာတရားလည်းဖြစ်၏ ။ အသက်လည်းဖြစ်၏ ။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံ မရောက်ရ” ( ရှင်ယောဟန် ၁၄း ၆ )
"ရွှေလင်းယုန်ငှက်၏ အသိုက်ပြင်ဆင်ခြင်း နှင့် သိုးသူငယ်ယဇ်" အကြောင်းကို ဆက်လက်တင်ပေးပါမည်
Wednesday, February 3, 2016
'ချစ်သူများနေ့နှင့်ခရစ်ယာန်လူငယ်'
ဒေါက်တာစောစေးခူ
ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်သူများနေ့ဟုခေါ်သော Valentine's Day ကိုအနောက်နိုင်ငံများတွင် ကျင်းပခဲ့ကြသည်။
ဖေဖေါ်ဝါရီလရောက်လျှင် မိမိချစ်သောသူကို ပန်းစည်း၊ သကြားလုံးနှင့် မေတ္တာစာကဒ်များကို လက်ဆောင်ပေးလေ့ရှိသည်။
ယခုခေတ်တွင် အနောက်နိုင်ငံများ၌သာမက ကမ္ဘာအနှံ့အပြားရှိ ဒေသအသီးသီးတွင်ချစ်သူများနေ့ကို ကျင်းပလာကြပါသည်။ နိုင်ငံတကာဈေးကွက်တွင် ခရစ်စမတ်ကဒ်ပြီးလျှင် ဒုတိယအများဆုံး aရာင်းရသောကဒ်များမှာ ချစ်သူများနေ့နှုတ်ခွန်းဆက် သည့်ကဒ် များဖြစ်ပါသည်။

ဤသို့ကျယ်ပြန့်စွာကျင်းပနေသော ချစ်သူများနေ့သည် မည်သို့ပေါ်ပေါက်ခဲ့သနည်း။ အေဒီ (၃၀၀)စုတွင် ရောမမြို့၌
Valentine ဟုခေါ်သော ဘုန်းတော်ကြီးတစ်ပါးရှိခဲ့သည်။ ထိုအချိန်တွင်ရောမ
နိုင်ငံကို ဧကရာဇ်မင်း
ကလောဒီးယပ် ( Claudius 11) အုပ်စိုးနေသည်။
ဤဧကရာဇ်မင်းသည် ရောမတို့၏စစ်အင်အား တောင့်တင်းစေရန်အမျိုးသားများကိုစစ်ထဲဝင်ခိုင်းပါသည်။
အိမ်ထောင်မပြုရသေးသောလုလင်များများ လက်မထပ်ရဟု
အမိန့်ထုတ်ပြန်လိုက်ပါသည်။
အမျိုးသားများမကျေမနပ်ဖြစ်ကြပါသည်။
ထိုအခါ ဘုန်းတော်ကြီး ဗယ်လင်တိုင်းက လက်ထပ်လိုသောအမျိုးသား၊ အမျိုးသမီးများကို
တိတ်တဆိတ် လက်ထပ်ပေးခဲ့သည်။ ဧကရာဇ်မင်းသိသွားသောအခါ ယင်းဘုန်းတော်ကြီးကို ကွပ်မျက်ခဲ့ပါသည်။ ဤဘုန်းတော်ကြီးကို ဂုဏ်ပြုသောအားဖြင့် Valentine's Day ဟုခေါ်သော ချစ်သူများနေ့ကိုကျင်းပခဲ့ကြပါသည်။
Valentine's
Day ၏အဓိကတန်ဖိုးမှာ ချစ်သောသူကို မိမိလက်ထပ်လိုသောအချိန်တွင်
လက်ထပ်ခွင့်ရှိသည်ဟူသော သဘောတရားပင်ဖြစ်သည်။ လူတစ်ဦးချင်း၏လွတ်လပ်ခွင့် ကိုအလေး
ထားသော ယခုခေတ်တွင်
လူငယ်များသည် Valentine's Day ကိုနှစ်သက်ပျော်ရွှင်စွာ ကျင်းပကြပါသည်။
ချစ်သောသူကို လက်ထပ်ရမည်ဟုဆိုရာတွင် ခရစ်ယာန်လူငယ်များသည် မည်သူ့ကို
လက်
ထပ်ရမည်နည်းဟု စဉ်းစားဆင်ခြင်မှုကို တင်ပြလိုပါသည်။
ခရစ်ယာန်ဆိုသည်မှာ
ခရစ်တော်၏နောက်လိုက်များဖြစ်ကြသည်။ ထိုကြောင့်ခရစ်ယာန်
လူငယ်များသည် အိမ်ထောင်ဘက်ရွေးချယ်ရာတွင် ခရစ်တော်၏အလိုတော်ကို နာခံလိုက်လျောက်
ရန်လိုအပ်ပါသည်။
လူငယ်များသည် အိမ်ထောင်ဘက်ရွေးချယ်ရာတွင် ခရစ်တော်၏အလိုတော်ကို နာခံလိုက်လျောက်
ရန်လိုအပ်ပါသည်။
ခရစ်ယာန်မဟုတ်သောသူများနှင့် အိမ်ထောင်ဖက်ရွေးချယ်ပုံ ခြားနားနိုင်ပါသည်။
ဤအကြောင်းအရာကို ရေးသားရာတွင် အိမ်ထောင်မပြုရသေးသော ခရစ်ယာန်လူငယ်များအတွက်သာ
ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။
ဤအကြောင်းအရာကို ရေးသားရာတွင် အိမ်ထောင်မပြုရသေးသော ခရစ်ယာန်လူငယ်များအတွက်သာ
ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။
သမ္မာကျမ်းစာက
ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာသတ်မှတ်ချက်များကို ဖော်ပြထားပါသည်။ ဤစံနှုန်းများကို လိုက်နာမှသာ ဘုရားသခင်ရှေ့တော်တွင် စံမီသောအိမ်ထောင်ကို
တည်ဆောက်နိုင်ပါသည်။
၁။ ယေရှုခရစ်တော်၏စံသတ်မှတ်ချက်ဖြစ်ပါသည်။
ခရစ်ယာန်လူငယ်များသည် တစ်သက်လုံးလက်တွဲမည့်သူကိုသာ လက်ထပ်ရပါမည်။ အခုမြင်၊အခုကြိုက်၍ အခုပင်လက်ထပ်ခြင်း၊နောင်ခါလာ နောင်ခါဈေးဟု တွေးခေါ်ခြင်းများကို ရှောင်
ကျဉ် ရပါမည်။ တစ်မျက်နှာမှတစ်မျက်နှာသို့ပြောင်းခြင်း၊ သည်ရှက်စရာမဟုတ်၊ ကွာရှင်းပြတ်စဲခြင်းသည်လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟူသော ခေတ်သစ်အတွေးအခေါ်သည် ရှေးရိုးအစဉ်အလာ
တစ်လင်တစ်မယားစနစ်ကို စိန်ခေါ်လျက်ရှိပါသည်။
ဣသရေလတို့၏ ပညတ္တိကျမ်းတွင် လင်မယားကွာရှင်းခွင့်ပြုထားသည်။ ထိုကြောင့်ဖာရိရှဲ
တို့က ကွာရှင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှု၏သဘောထားကို မေးခဲ့ပါသည်။ သခင်ယေရှုက
လင်မယားသည် ကွာရှင်းခွင့်မရှိကြောင်း၊ ကွာရှင်းသောသူကို လက်ထပ်လျှင်လည်းအပြစ်ရှိကြောင်း
ဖြေကြားခဲ့ပါသည်။ (မဿဲ ၁၉း၃-၁၁)
လူအသီးသီး၏လက်တွေ့ဘ၀အမျိုးမျိုးတွင် သခင်ယေရှု၏စည်းကမ်းများကို လိုက်နာရာ၌
စောဒကတက်စရာများရှိနိုင်ပါသည်။ သို့ရာတွင် ခရစ်ယာန်လူငယ်တစ်ဦးသည် လက်မထပ်မီကပင်
ရည်ရွယ်ထားသောသူ၏ အကျင့်စရိုက်၊ အတွေးအခေါ်နှင့် ကျန်းမာရေးအခြေအနေကို လေ့လာထား
သင့်ပါသည်။ အနာဂတ်အိမ်ထောင်ရေးအတွက် ဘုရားသခင်ထံဆုတောင်းဆက်ကပ်၍ ပြင်ဆင်
ရပါမည်။ ရိုးမြေကျပေါင်းသင်းခြင်းသည် သခင်ယေရှုခရစ်တော်၏အလိုတော်ဖြစ်သည်။
၂။ ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်ပါသည်။
ခရစ်ယာန်လူငယ်များသည် ကိုးကွယ်ယုံကြည်မှုတူသောသူကိုသာ လက်ထပ်ရန်ဖြစ်ပါ
သည်။ လူတစ်ဦး၏ကိုးကွယ်ယုံကြည်မှုသည် ထိုသူ၏လူမှုရေးဘ၀နှင့် စီးပွါးရေးလုပ်ဆောင်ချက်
များကို စိုးမိုးထားပါသည်။ ကိုးကွယ်မှုမတူသော ဇနီးမောင်နှံနှစ်ဦးသည် ခိုင်မာသောလူမှုရေးဘဝ
တစ်ခုကို အတူတကွတည်ဆောက်မည်ဆိုပါက အခက်အခဲများကိုရင်ဆိုင် ကြရလိမ့်မည်။ တစ်ဦး
ကိုတစ်ဦး နားလည်ပေးစေကာမူ မကျော်လွန်နိုင်သော ကန့်သတ်ချက်များရှိပါသည်။

ဣသရေလတို့၏ ပညတ္တိကျမ်းတွင်ကိုးကွယ်ယုံကြည်မှုခြားနားသူများကို လက်မထပ်ရန် တားမြစ်ပါသည်။ ဣသရေလသမိုင်းတွင်
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားအတွက်ဗိမ္မာန်တော် တည်ဆောက်ခဲ့သောကြောင့် ထင်ရှားကျော်ကြားခဲ့ပါသည်။ သို့သော်လည်းနောက်ပိုင်းတွင်
ကိုးကွယ်မှုခြားနားသော မိဖုရားများနှင့်လက်ထပ်ခဲ့ခြင်းကြောင့် ရှောလမုန်မင်းကြီး၏ ကိုးကွယ်ယုံကြည်
မှု ယိမ်းယိုင်းခဲ့ပါသည်။ (၃ရာ ၁၁း၁-၈)
ဓမ္မသစ်ကျမ်းတွင်လည်း ရှင်ပေါလုက ကိုးကွယ်မှုခြားနားသူများနှင့်လက်မထပ်ရန် သွန်သင်
ပါသည်။ (၂ကော ၆း၁၄)။

ဇနီးမောင်နှံနှစ်ဦးသည် သားသမီးရလာသောအခါ မိမိ၏ယုံကြည်မှုကို အမွေပေးချင်ကြသည်။ ဤသည်မှာ သဘာဝကျသောအလိုဆန္ဒဖြစ်သည်။ ထိုအခါသားသမီးတို့သည်ကိုးကွယ်ယုံကြည်မှုရွေးချယ်ရာတွင် ပြဿသနာများကို ရင်ဆိုင်ကြရပေမည်။ သို့ဖြစ်၍ အိမ်ထောင်ဖက် ရွေးချယ်ရာ၌ ကိုးကွယ်ယုံကြည်မှုကို အလေးထားရပါမည်။
၃။ လိင်တူလက်ထပ်ခြင်းကိုရှောင်ကျဉ်ရန်ဖြစ်သည်။
ခရစ်ယာန်လူငယ်များသည် ထာဝရဘုရားသခင်ရွံရှာသောအမှုကို ရှောင်ကျဉ်ရပါမည်။
ဝတ်ပြုရာကျမ်းတွင် လိင်တူဆက်ဆံခြင်းကို ပြင်းထန်စွာတားမြစ်ထားပါသည်။ ယခုခေတ်တွင် လိင်တူ
လက်ထပ်ခြင်းကို တရားဝင် ခွင့်ပြုသောနို င်ငံများရှိလာပါသည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီဟု
မှတ်ယူပြီး လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုလိုသူများ ပေါ်ထွက်လာပါသည်။ မွေးရာပါကိုယ်
အင်္ဂါများကို ပြုပြင်ပြောင်းလဲသည့်နည်းပညာများလည်း ထွက်ပေါ်လာပါသည်။

ယနေ့ခရစ်ယာန်လူငယ်များသည် ဤသို့သောအပြစ်သွေးဆောင်ရာမှုများနှင့် ရင်ဆိုင်နေကြရပါသည်။ (ရောမ ၁း၂၇-၂၈) တွင် လိင်တူလက်ထပ်ခြင်းသည်
အပြစ်ဒုစရိုက်ဖြစ်သည်ဟု ဖော်ပြပါသည်။ မျက်မှောက်ခေတ်တွင်
အမျိုးသမီးစိတ်ရှိသော အမျိုးသားများကို စာနာထောက်ထား၍
ကူညီရိုင်းပင်းရန် ခရစ်ယာန်များတွင် တာဝန်ရှိပါသည်။ သို့သော်လည်းလိင်တူလက်ထပ်ခြင်းကို ထာဝရဘုရားသခင်မနှစ်သက်သောကြောင့်ရှောင်ကျဉ်အပ်ပေသည်။
၎။ ချစ်သောသူကို လက်ထပ်ရန်ဖြစ်သည်။
ဘုန်းတော်ကြီး ဗယ်လင်တိုင်းသည် ချစ်သောသူများကို လက်ထပ်ပေးခြင်းဖြစ်သည်။
မျက်မှောက်ခေတ်တွင် ငွေကြေးကြွယ်ဝမှုနှင့် စည်းစိမ်ခံစားမှုတည်းဟူသော ရုပ်ဝါဒများ လွှမ်းမိုးနေ
ပါသည်။ မိမိဘ၀အောင်မြင်ရေးအတွက် မိမိမချစ်သောသူဖြစ်စေကာမူလက်ထပ်သင့်သည်ဟု ခံယူ
သော လူငယ်အချို့ရှိပါသည်။
သာယာသောအိမ်ထောင်သည် မေတ္တာနှင့်တည်ဆောက်သော အိမ်ထောင်ဖြစ်ပါသည်။
သို့မှသာ (၁ကော ၁၃း၎-၁၃) တွင်ဖော်ပြသော နှစ်သက်ဖွယ်လက္ခဏာများကို အိမ်ထောင်တွင်
တွေ့ရှိရပါမည်။ (ဧဖက် ၅း၂၅-၂၈) တွင်ခရစ်တော်သည် အသင်းတော်ကိုချစ်သကဲ့သို့ မိမိအိမ်ထောင်
ဖက်ကိုချစ်ရမည်ဟု ဖော်ပြပါသည်။ လူ့ဘ၀တွင် ဒုက္ခအခက်အခဲများကို လူတိုင်းရင်ဆိုင်ရပါမည်။
မေတ္တာနှင့်တည်ဆောက်သောအိမ်ထောင်သည် ထိုအခက်အခဲများကြားတွင် မယိုင်လဲဘဲ ခိုင်မြဲစွာ
ရပ်တည်နိုင်ပါသည်။

နိဂုံးချုပ်ဖော်ပြရပါလျှင် ချစ်သူများနေ့၏ နောက်ခံသမိုင်းသည် လက်ထပ်ထိမ်းမြားခြင်း၏ ကြီးမားသော တန်ဖိုးကိုဖော်ပြနေပါသည်။
ခရစ်ယာန်လူငယ်များအနေဖြင့်
နှလုံးသွင်းရမည့် စံနှုန်းများသည် ကျဉ်းမြောင်းသောရှေးရိုးစွဲ လမ်းစဉ်များဟု မခံယူအပ်ပေ။ မိမိချစ်သောသူကို လက်ထပ်ရန် ပြင်ဆင်နေစဉ်မှာပင် မိမိကိုအသက်ပေးပြီးချစ်တော်မူသော ခရစ်တော်၏မေတ္တာတော်ကိုလည်း တန်ဖိုးထားလေးစားရန် လိုအပ်ပေသည်။ ခရစ်ယာန်လူငယ်တိုင်း ချစ်သူများနေ့တွင် ခရစ်ယာန်ပီသစွာ ပါဝင်ဆင်နွှဲနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။
Credit
=>> ဒေါက်တာစောစေးခူ
“ သင်၌ရှိသော ရွှေလင်းယုန် “ The Eagle In You
“သားမျိုး နှင့် မိုးကောင်းကင်ငှက်
တို့ကို မေးမြန်းလော့ ။သူတို့သည် ဟောပြော သွန်သင်ကြလိမ့်မည်….” ယောဘ ၁၂း ၇
တော တရိစ္ဆာန်
သားမျိုး နှင့် ငှက်များ ထံမှ လေ့လာသင်ယူဖို့ ဘုရားသခင်မိန့်မှာခဲ့သည်။ ကျွန်ုတို့
လေ့လာ သင်ယူနိုင်သော ဘုရားသခင်၏ ထူးဆန်းအံ့သြဘွယ် သတ္တ၀ါများ ထဲတွင် ရွှေလင်းယုံ ငှက်
ပါဝင်ပါသည်။ ရွှေလင်းယုံငှက်၏ ခန့်ညားသော သွင်ပြင် လက္ခဏာ နှင့် ထူးကဲသော စွမ်းရည်ကို
ဘုရားသခင်က မကြာခဏ အသုံးပြုကာ သူ ၏ လူများအား အရေးကြီးသည့် သမ္မာတရားနှင့် ပုံဆောင်ပြသည်။ တမ္မာကျမ်း၌ ရွှေလင်းယုံငှက် ဟုပြောလျှင် အရှေ့အလယ်ပိုင်းတွင်
တွေ့ရသော လင်းယုန် “ နှစ်မျိုး ” ကို ဆိုလိုသည်။ ပထမ အမျိုးအစားမှာ ဘုရင်မင်းမြတ်ကဲ့သို့
အသက်ရှင်ပုံ ရှိခြင်းကြောင့် မင်းဧကရာဇ် လင်းယုန် ဟုခေါ်သည်။ ဒုတိယ အမျိုးအစားမှာ ဘုန်းကြီးသော
ဘုရား ၏ အရည်အသွေး ရှိခြင်းကြောင့် ရွှေလင်းယုန် ဟုခေါ်ပါသည်။ ဤငှက်သည် ရွှေရောင်တောက်ပလျှက်ရှိ၏ ။
ရွှေလင်းယုန်ငှက်သည်
တောင်ပံ နှစ်ဘက်ဖြန့်ထားလျှင် ၁၄ ပေ မှ ၁၅ ပေ ရှိသည် အထိ ကျယ်ပြန့်ပြီး ပျှမ်းမျှ အလေးချိန်
ပေါင် ၃၀ လေးသည်။ ၎င်း၏ အရွယ်အစား ကြီးမားလှသည့်အတွက် အစွမ်းတန်ခိုး ၊ လွတ်လပ်မှုနှင့်
ကြီးမြတ်ခြင်းများကို ပုံဆောင်ပါသည်။ ကျက်သရေရှိခြင်း ၊ လှပခြင်း နှင့် မိမိကိုယ် ကို
ယုံကြည်စိတ်ချမှု ရှိခြင်းကိုလည်း ဖေါ်ပြဆိုလိုပါသည်။ ရွှေလင်းယုံငှက်သည် ငှက်များ၏ မင်းဖြစ်သည်။ ခံ့ညား ထည်ဝါစွာ ပျံဝဲ တက်သွားပြီး
၊ မြင့်မားသည့် တောင်တန်းများကို ကျော်ဖြတ်ကာ ၊ လောင်မြိုက်နေသော နေပူ ကိုလည်း မမှု
၊ ပြင်းထန် ကြမ်းတမ်းသည့် မုန်တိုင်းကိုလည်း ဂရု မပြုဘဲ ပျံသန်းနေပုံမှာ မိမိ၏ ပတ်ဝန်းကျင်
အခြေအနေ အရပ်ရပ်ကို ထိန်းချုပ် အောင်မြင် သည့်
အရှင်သခင် ဖြစ်ကြောင်း ထင်ရှားပြသည်။
ရွှေလင်းယုန်သည်
မိမိ ၏ ပတ်ဝန်းကျင် အပေါ် အရှင်သခင် ဖြစ်သူနှင့် မိမိ ၏ အခြေအနေ ကို ထိန်းချုပ်နိုင်
သူဟု ဆိုလိုသည်။ ထိုသူသည် အသက်တာ မုန်တိုင်း နှင့် ဆင်းရဲ ၊ ဒုက္ခ ၊ အခက်အခဲ ၊ စုံစမ်းမှုများအလယ်၌
အခြေအနေ၏ အထက်တွင် အသက်ရှင်အုပ်စိုးနိုင်သည့် စွမ်းရည် နှင့် တန်ခိုး ရှိသူဖြစ်သည်။
ကျွန်ုပ်တို့သည်
မုန်တိုင်းများ ၊ တောင်များကို ရင်ဆိုင်ရမည်။ သို့သော် ကျွန်ုပ်တို့သည် စိုးစံသူများ ( အုပ်စိုးသူများ ) ဖြစ်ပါသည်။ အကြောင်းမှာ
ယေရှုခရစ်တော်ကို ကျွန်ုပ်တို့ ယုံကြည်လက်ခံသည့် အချိန်မှစ၍ ဘုရားသခင်သည် ကျွနု်ပ်တို့ဝိညာဉ်
အတွင်း၌ ဘုရင် အဖြစ် အုပ်စိုးနိုင်သည့် အစွမ်းသတ္တိကို ထည့်ပေးထားခြင်း ကြောင့်ဖြစ်ပါသည်။
ထို့ကြောင့်
ရွှေလင်းယုံသည် ကျွန်ုပ်တို့အတွင်းမှ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းကို ဆိုလိုသည်။
ကျွန်ုပ်တို့ ခရစ်ယာန် အသက်တာအတွင်း၌ ရှိသော ဘုရားသခင်ပေးထားသည့် အစွမ်းတန်ခိုးနှင့်
လွတ်လပ်မှုကို ဆိုလိုပါသည်။
ရွှေလင်းယုံ၏
အသက်ရှင်နေထိုင်မှုကို လေ့လာသကဲ့သို့ အခြားငှက်များ၏ သဘောသဘာဝများကိုလည်း ကြည့်ရှု၍ သူတို့၏အားသာချက်
နှင့် အားနည်းချက်များမှ သင်ခန်းစာယူနိုင်ပါသည်။
သင်၏၀ိညာဉ်အသက်တာနှင့်
ရွှေလင်းယုန်၏ ဘ၀အသက်တာတွင် တူညီမှုများစွာရှိကြောင်း တွေ့မြင်ရပေမည်။ ရွှေလင်းယုန်၏ မြင့်မြတ်သော
သဘောသဘာဝကို ကျွန်ုပ်တို့ အသက်တာများ၌ စံနမူနာ ယူသင့်ကြောင်း နားလည်သဘောပေါက် လာပါလိမ့်မည်။
ကျနော်၌ရှိသော “ သင်၌ရှိသော ရွှေလင်းယုန် “ The Eagle In You စာအုပ်မှပြန်လည်ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါတယ်..
ဆက်လက်ဖော်ပြပေးပါမည်။
Thursday, January 28, 2016
Tuesday, January 26, 2016
Monday, January 25, 2016
Wednesday, January 20, 2016
Tuesday, January 19, 2016
Thursday, January 14, 2016
Tuesday, January 12, 2016
Monday, January 11, 2016
Sunday, January 3, 2016
Subscribe to:
Posts (Atom)